သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Tuesday 4 June 2013

ရိုဟင်ဂျာတွေကလေး ၂ယောက်ထက် မယူရ အမိန့်ကို အစိုးရ ပြန်လည်သုံးသပ်မယ်


မြန်မာ နိုင်ငံ ရခိုင်ပြည်နယ် အရေးအခင်းနဲ့ ပတ်သက်ပြီး ရိုဟင်ဂျာ မွတ်စလင်တွေ ကလေး ၂ယေက်ထက် ပိုပြီး မယူရ ဆိုတဲ့ အမိန့် ထွက်ပေါ်လာတာကို ကုလသမဂ္ဂ အပါအဝင် လူ့အခွင့်အရေး အဖွဲ့ အစည်းတွေက ဝိုင်းပြီး ဝေဖန်ခဲ့တဲ့ အတွက် အခု အခါမှာ မြန်မာ အစိုးရက ပြန်လည် သုံးသပ်တော့မယ်လို့ သိရပါတယ်။ 


ရခိုင်ပြည်နယ်တွင်းမှာ စစ်အုပ်ရေးကာလကတည်းက ချမှတ်ခဲ့တဲ့ စည်းမျဉ်းကို အာ ဏာ ပိုင် တွေ က ပြန်လည် ထုတ်ဖေါ်ပြီး မြို့နယ် ၂ ခုမှာ အတည် ပြုခဲ့တာ ဖြစ်ပါတယ်။

သမ္မတ ရဲ့ပြောခွင့် ရပုဂိုလ် ဦး ရဲထွဋ် ကတော့ အစိုးရ အနေနဲ့ ချမှတ်ခဲ့တဲ့မူဝါဒ မဟုတ်တဲ့ အတွက် ဒါကို စုံစမ်းစစ်ဆေးသွားမယ်လို့ AFP သတင်းကိုပြောခဲ့ပါတယ်။

ရခိုင်ပြည်နယ်က လူဦးရေဟာ တခြားဒေသတွေထက် ပိုပြိး မြင့်မားတဲ့ အတွက် မိသားစုထဲမှာ လူမှုရေးစီးပွါးရေး ပြဿနာတွေ ရှိတဲ့အကြောင်း၊ အစိုးရ အနေနဲ့ နောင်အခါမှာ လူဦးရေနဲ့ ပတ်သက်တဲ့ မူဝါဒတွေ ကို နိုင်ငံတကာ အဆင့် အတိုင်း ထားသွားမယ်လို့ ဆက်ပြောပြခဲ့တယ်လို့ သိရပါတယ်။

ကုလသမဂ္ဂ ကတော့ ဒီအမိန့်ဟာ လူ့အခွင့်အရေးကို လွန်ဆန်တဲ့ အတွက် ပြန်ရုတ်သိမ်းဖို့ တောင်းဆိုခဲ့ပါတယ်။

ရခိုင်အရေးအခင်းမှာ ဘာမှဝင်မပြောတဲ့ အတွက် ဝေဖန်ခြင်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကလဲ ဒီအမိန့်ကို လူ့အခွင့်အရေး ဆန့်ကျင်တယ်လို့ ဝေဖန်ခဲ့ပါတယ်။

ဒါပေမယ့် ရခိုင်ပြည်နယ်တွင်းက NLD ပါတီရုံး (၈)ခုက နိုင်ငံတော်လုံခြုံရေး အတွက် လိုအပ်ချက်ဖြစ်တဲ့အတွက် ဒီမူဝါဒကို ထောက်ခံတယ်လို့ တင်ပြခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီတွင်း ဖိအားပေးမှုတွေ ရင်ဆိုင်နေရတယ်လို့လည်း ပြောနေကြပါတယ်။

ပြီးခဲ့တဲ့ နှစ် ရခိုင်ပြည်နယ် အရေး အခင်းမှာ လူပေါင်း ၁၇၀လောက်သေဆုံးပြီး လူပေါင်း ၁၄၀၀၀၀ လောက် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ပါတယ်။

မြန်မာပြည်တွင်းမှာ ရှိတဲ့ ရိုဟင်ဂျာ ၈သိန်းကို မြန်မာ နိုင်ငံက ဘင်္ဂလားဒေ့ရှ် နိုင်ငံက တရားမဝင် ခိုးဝင်နေထိုင်သူလို့ သတ်မှတ်ပြီး ကုလသမဂ္ဂ ကတော့ ကမ္ဘာပေါ်မှာ အပယ်ခံရဆုံး လူနည်းစု လူမျိုးလို့ ဆိုပါတယ်။

ABC Radio Australia
ရိုဟင်ဂျာတွေကို မြန်မာတွေက တရားမဝင် ခိုးဝင်လာသူတွေလို့ သတ်မှတ်ပြီး ကုလသမဂ္ဂကတော့ အပယ်ခံရဆုံး လူသားလို့ သတ်မှတ်ထားပါတယ်။ (Credit: ABC)

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်