သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Saturday 1 June 2013

ယခုရက်ပိုင်း အတွင်း စင်္ကာပူ နိုင်ငံမှ လုပ်သားခေါ်ယူမှု ပြန်လည် မြင့်တက်လာ


 
ပြည်တွင်းရှိ လုပ်သားတွေကို ပြည်ပမှ လုပ်သား ခေါ်ယူမှုတွေမှာ စင်္ကာပူ နိုင်ငံမှ လုပ်သား ခေါ်ယူမှုဟာ ယခုရက်ပိုင်း အတွင်း ပြန်လည် မြင့်တက်
လာတယ်လို့ ပြည်ပ အလုပ်အကိုင် အေဂျင်စီ တစ်ခုဖြစ်တဲ့ သုခစုစံမှ
 
 တာဝန်ရှိ သူတွေရဲ့ ပြောပြချက် အရ သိရပါတယ်။ စင်္ကာပူနိုင်ငံမှ လုပ်သား ခေါ်ယူမှုဟာ ပြီးခဲ့တဲ့ အချိန်တွေက လုပ်ငန်း ပရောဂျက် အသစ် မစတင်မှု တွေကြောင့် လုပ်သား ခေါ်ယူမှု နည်းပါးခဲ့ပေမယ့် ယခုအခါ မှာတော့ ပရောဂျက် အသစ်များ စတင် လာတဲ့ အတွက် လုပ်သား ခေါ်ယူမှု ပြန်လည် မြင့်တက် လာတာ ဖြစ်တယ်လို့ သိရပါတယ်။
 
ယခုလက်ရှိ မြန်မာနိုင်ငံမှ ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်မှု တွေမှာ ထိုင်းနိုင်ငံကို အများဆုံး သွားရောက် လုပ်ကိုင် ကြတာ ဖြစ်ပြီး မလေးရှား၊ စင်္ကာပူ၊ ဒူဘိုင်း အစရှိတဲ့ နိုင်ငံတွေ ကိုလည်း သွားရောက်မှု ရှိတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း ထိုင်းနိုင်ငံသို့ လုပ်သားများ သွားရောက် လုပ်ကိုင်မှုတွေမှာ သတ်မှတ်ချက် နဲ့မကိုက်ညီတဲ့ အေဂျင်စီ အချို့ကို နိုင်ငံတော် အစိုးရမှ လုပ်ကိုင်ခွင့်များ ယာယီ ပိတ်သိမ်း လိုက်တဲ့ အတွက် နယ်စပ်ဒေသ တွေမှာ အလုပ်သမားများ သောင်တင် နေပြီး ယခုရက်ပိုင်း မှာတော့ အလုပ်သမား ခေါ်ယူမှု အချို့ ပြန်လည် စတင်နေပြီ ဖြစ်တယ် လို့လည်း သိရပါတယ်။
 
ဒါ့အပြင် သုခစုစံမှ တာဝန်ရှိသူရဲ့ ပြောပြချက် အရ ယခုလက်ရှိ စင်္ကာပူ နိုင်ငံမှ လုပ်သား ခေါ်ယူမှုတွေမှာ Kappel Sea scan, Hui Kon, Hong Ye Marine, Alliance Marine နဲ့ Henen Hopman စတဲ့ ကုမ္ပဏီကြီးတွေမှ ယခုရက်ပိုင်း အတွင်း ခေါ်ဆိုနေတာဖြစ်ပြီး လက်သမား၊ အထွေထွေ၊ ဂဟေဆက်၊ လျှပ်စစ်၊ ဆေးမှုတ် စတဲ့ လုပ်ငန်းတွေမှာ ကျွမ်းကျင် လုပ်သားတွေကို ခေါ်ယူလျက် ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီလို ခေါ်ယူတဲ့ လုပ်သားတွေ ကိုတော့ တစ်နေ့လျင် အခြေခံလစာ စင်္ကာပူ ဒေါ်လာ ၁၈ ဒေါ်လာနဲ့ လုပ်အားခ ပေးဆောင်ကာ ခေါ်ယူနေတာ ဖြစ်တယ်လို့ သိရပါတယ်။
MR T.V4
 

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်