သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Saturday 1 June 2013

ရုရှားနိုင်ငံမှ ပေးပို့သော S-300 ဒုံးကျည်များ ဆီးရီးယားသို့ ပထမအသုတ် ရောက်ရှိ


 
ရုရှားနိုင်ငံ အစိုးရမှ ဆီးရီးယား အစိုးရအား S-300 အမျိုးအစား ဒုံးကျည်များ ထောက်ပံ့ ပေးပို့လိုက်သည့် ဒုံးကျည်များ ပထမအသုတ် ရောက်ရှိလာပြီ
ဖြစ်ကြောင်း ဆီးရီးယား သမ္မတ Bashar al-Assad မှ လက်ဘနွန် ရုပ်သံနှင့် အင်တာဗျုးတွင် ပြောကြားခဲ့သည်။


အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရုရှား၏ အစီအစဉ်သည် ဆီးရီးယား နိုင်ငံ၏ အရေးကိစ္စ၌ ပြည်ပနိုင်ငံများ၏ ကြားဝင် စွက်ဖက်မှုကို ဟန့်တားရာတွင် အကူအညီပေးရန် ဖြစ်ကြောင်း ရုရှားနိုင်ငံက ခုခံပြောဆိုခဲ့သည်ဟု သိရသည်။ ၎င်းတို့၏ လေကြောင်းရန် ကာကွယ်ရေး စနစ်သည် ဆီးရီးယား ပြည်တွင်းစစ်တွင် ပြည်ပနိုင်ငံများ၏ ဝင်ရောက် စွက်ဖက်မှုကို ဟန့်တား စေနိုင်ပြီး ဆီးရီးယား အခြေအနေကို တည်ငြိမ်စေမည့် အကြောင်းအရင်း တစ်ခု ဖြစ်ကြောင်း မေ ၂၈ ရက်က ရုရှား ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Sergei Ryabkov  က ပြောကြားခဲ့သည်။ ရုရှားနှင့် ဆီးရီးယားတို့သည် လက်နက်များ ပေးပို့ရန် လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်းက စာချုပ် ချုပ်ဆိုထားကြောင်း၊ Sergei Ryabkov က ပြောကြားခဲ့သည်။

Source: BBC

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်