သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Friday 14 June 2013

ဖေ့စ်ဘုတ်တွင်ဆက်တိုက်တွေ့ ရသောမလေးရှားမြန်မာသတင်းတစ်ခု

အခုပဲမလေးရှားကသူငယ်ချင်းနဲ့ ဖုန်းပြောတယ်အောက်ပါအတိုင်းပြောပြလို့ သမ္မတရုံးညွှန်မှူး မှူးဇော်နဲ့ ဒုဝန်
ကြီးဦးရဲထွဋ်တို့ ကို Commentသွားရေးလိုက်တဲ့အတိုင်းတင်ပေးလိုက်ပါတယ်။ကိုမှူးဇော်၊ဦးရဲထွဋ်ခင်ဗျာ
မလေးရှားကိစ္စနဲ့ ပက်သက်ပြီး အခုပဲ ကျနော်အသိနဲ့ စကားပြောပြီးတာကို ကိုမှူးဇော်မှတဆင့်နိုင်ငံတော်သမ္မတထံသို့ 

အောက်ပါအတိုင်းလေးနက်စွာ အသိပေးတိုင်ကြားခြင်ပါတယ်။ဒီနေ့  CIရမယ်ဆိုပြီးမနက်ကတည်းက
စောင့်နေတာညမိုးချုပ်ခံနီးမှရတယ်တဲ့CIကသက်တမ်းနှစ်လရှိတယ်လို ပြောပါတယ်
၊နောက်ပြီးသံရုံးကဝန်ထမ်းတွေကပွဲစားတွေကိုအထဲမှာခေါ်ထားပြီး မြန်မာ
ပြည်ကိုပြန်ခြင်ရင် မလေး ၁၂၀၀ပေးရမယ် ပေးရင်ပြန်ရမယ်လို့ ပြောပါတယ်တဲ့။အဲ့ဒီနောက်မလေးရှားကဒုက္ခရောက်
နေတဲ့ လူငယ်တွေက မလေးရှား လူဝင်မှုကြီးကြပ်ရေးကိုသွားပြီးပြန်ဖို့ အကြောင်း
သွားကြားတော့ ပုံမှန် ၄၀၀ပဲပေးရမယ့်
ဟာကို အခု ၁၀၀၀ တောင်းသတဲ့၊CIကိုင်ရလာပြီးကိုင် ပြီးမြန်မာပြည်ပြန်ဖို့ 
စောင့်နေတဲ့လူတွေ ယေကျာင်္းလေး၊မိန်းခလေးအများကြီးပဲတဲ့၊ကျနော်ကိုဘယ်လို
လုပ်ရမလည်းဆိုပြီးလှမ်းမေးပါတယ်။သူတို့ ကပြောတယ် ဒုဝန်ကြီးဦးဇင်ယော်နဲ့ အဖွဲ့ ကဒီကနေ့ မြန်မာပြည်ကိုပြန်သွားပြီလို့ ပြောတယ် နောက်ပြီးမြန်မာသံရုံးနဲ့ မ
လေးရှား လဝက တို့ ပေါင်းရိုက်ကြပြီလားဗျာ၊သမ္မတကြီးရဲ့မှာကြားလိုက်တဲ့ အစွမ်းကုန်ကူညီမယ်ဆိုတဲ့စကားကို ဂရုမစိုက်တာလား၊ဦးအောင်ကိုဝင်း၊ဦးတေဇ၊ဦးဇော်ဇော် နဲ့ အလှူရှင်တွေက ဒုက္ခရောက်
နေတဲ့လှူတဲ့ ဒေါ်လာတွေကို နှစ်ဖက်စလုံးက ဗျောင်လိမ်ပြီးသိမ်းခြင်ကြတာ
လားဗျာ၊ကိုမှူးဇော်ခင်ဗျာမလေးရှားကမြန်မာလူမျိုးတွေအခုအလုပ်မလုပ်ကြတဲ့
အတွက် သံရုံး၊မလေးလဝက ကတောင်းတဲ့ပိုက်ဆံကိုမပေးနှိုင်ကြရှာပဲ၊ပြန်ဖို့ အ
တွက် CI ကိုင်ပြီးစောင်အခက်အခဲ ဒုက္ခများစွာနဲ့ စောင့်နေကြပါတယ်၊သမ္မတရုံး
အနေနဲ့ ထိရောက်စွာကူညီဖြေရှင်းပေးနိုင်ဖို့ အတွက် လေးနက်စွာမေတ္တာရပ်ခံ
အပ်ပါတယ်ခင်ဗျာ။
ဖေ့စ်ဘုတ်မှ-

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်