သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Friday 14 June 2013

ကမ္ဘောဇလုပ်ငန်းအုပ်စုရဲ့ လုပ်ငန်းအားလုံး အများပိုင်ကုမ္ပဏီ ပြောင်းမည်


ကမ္ဘောဇ လုပ်ငန်းအုပ်စုရဲ့ လုပ်ငန်းအားလုံး အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲဖွဲ့စည်းသွားမှာဖြစ်ပြီး အများပိုင် ကုမ္ပဏီအဖြစ် အမြန်ဆုံး ပေါ်ပေါက်လာမယ့် လုပ်ငန်းက IKBZ အာမခံလုပ်ငန်း ဖြစ်တယ်လို့ IKBZ အာမခံလုပ်ငန်းမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးညိုမြင့်က ပြောပါတယ်။
 
 ယနေ့ စတင်ဖွင့်လှစ်လိုက်တဲ့ IKBZ အာမခံ လုပ်ငန်းကို သုံးလအတွင်း အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲဖွဲ့စည်းမှာဖြစ်ပြီး ဦးဝင်းတင် စာရင်းစစ်အဖွဲ့နဲ့ လက်တွဲပြီး အများပိုင်လုပ်ဖို့ ဆောင်ရွက်နေပြီလို့ သိရတယ်။ ကမ္ဘောဇဘဏ်နဲ့ MAI လေကြောင်းလိုင်းကိုလဲ များမကြာမီ အများပိုင် ပြောင်းလဲမယ်လို့ သိရတယ်။ IKBZ အာမခံလုပ်ငန်းမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးညိုမြင့်က ‘ဘဏ်၊ လေကြောင်း၊ အာမခံလုပ်ငန်းတွေအပြင် အများပိုင်ကုမ္ပဏီအဖြစ် သွားလို့ရသမျှ အကုန်သွားမယ်၊ လုပ်ငန်းထဲကို ပါလာမယ့် ရှယ်ယာတွေ ခေါ်ချင်တာဖြစ်တဲ့အတွက် အများပိုင်သွားမှာ ဖြစ်တယ်’ လို့ ပြောပါတယ်။ IKBZ အာမခံလုပ်ငန်းကို အများပိုင်အဖြစ် အမြန်ဆုံး ပြောင်းလဲဖို့ လိုအပ်တဲ့ အကြောင်းအချက်က ရင်းနှီးမြှုပ်နှံမှု ပမာဏ ပိုလိုအပ်တာကြောင့်လို့ ဆိုတယ်၊ မြန်မာကျပ်ငွေ ၄၆ ဘီလျံနဲ့ IKBZ အာမခံလုပ်ငန်းကို မတည် တည်ထောင်ထားပေမဲ့ အာမခံလျော်ကြေး အလုံအလောက် ပေးနိုင်ဖို့ဆိုရင် ငွေကြေးပိုမို လိုလာမှာ ဖြစ်တာကြောင့် ရှယ်ယာရှင်တွေ အများအပြား ပါဝင်နိုင်မယ့် အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲဖွဲ့စည်းမှာ ဖြစ်တယ်လို့ သိရတယ်။ ၂၀၁၅ ခုနှစ်မှာ ဖြစ်ပေါ်လာမယ့် capital market (အရင်းအနှီးဈေးကွက်) အတွက် ရည်ရွယ်မျှော်မှန်းပြီး ကမ္ဘောဇလုပ်ငန်းအုပ်စု လက်အောက်က လုပ်ငန်းတွေကို အများပိုင်ပြောင်းလဲဖို့ ကြိုးစားတာ ဖြစ်တယ်လို့လဲ ဆိုတယ်။ Capital market မှာ စတော့ရှယ်ယာဈေးကွက် ပေါ်ပေါက်လာမယ်။ ပြည်သူက အများပိုင် ကုမ္ပဏီတွေရဲ့ ရှယ်ယာတွေမှာ အရောင်းအဝယ်လုပ်ပြီး ပါဝင်နိုင်လာမှာ ဖြစ်တယ်။ လက်ရှိမှာ ဘဏ်အချို့လဲ အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲဖွဲ့စည်းပြီး ဖြစ်ပါတယ်။ အများပိုင် ကုမ္ပဏီ လုပ်တယ် ဆိုတာက capital market မရှိဘဲ မအောင်မြင်နိုင်ဘူးလို့ ဦးညိုမြင့်က သူ့အတွေ့အကြုံအရ ပြောကြားခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဇွန်လ ၁၄ ရက်နေ့ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်