သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Monday 10 June 2013

“အကယ်ဒမီဇင်ဝိုင်းသရုပ်ဆောင်ကြေးပြန်အမ်း”


 
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ
တာဝန်မှ ဇွန်၆ရက်နေ့ ကထွက်စာတင်ကာဇွန်၇ရက်နေ့ မှာ
တရားဝင် နှတ်ထွက်ခွင့်ရခဲ့သူ အကယ်ဒမီသရုပ်ဆောင်ဦးဇင်ဝိုင်း
မှာ 


ဇွန်၁၂ရက်နေ့ မှာဒါ၇ိုက်တာမောင်မောင်မြင့်လွင်သရုပ်ဆောင်
သူထူးစံ၊ခွန်းဆင့်နေခြည်စသောအနုပညာရှင်များနှင့်ပြင်ဦးလွင်မှာ
ရိုက်ကူးမည့်“သားအချစ်မြေးအနှစ်”ဇာတ်ကားတွင်ပါဝင်သရုပ်ဆောင်
နိုင်လောက်အောင်ကျန်းမာရေးအခြေအနေမပေးသည့်အတွက်
ယမန်နေ့ ကသရုပ်ဆောင်အနုပညာကြေးကြိုတင်ငွေအားပြန်အမ်း
ပေးခဲ့သလိုယင်းဇာတ်ကားဒါရိုက်တာနှင့်အနုပညာရှင်များထံ
ပြင်ဦးလွင်သို့ ဖုန်းဆက်တောင်းပန်းခဲ့ကြောင်းလည်းသိရပါသည်။
ဝါရင့်ရုပ်ရှင်သရုပ်ဆောင်ဦးဇင်ဝိုင်းမှာ၎င်း၏ကျန်းမာရေးအရစိတ်
သွားတိုင်းကိုယ်ပါမဆောင်ရွက်နိုင်ခြင်းအပေါ်လုပ်ဖေါ်ကိုင်ဖက်များ
ကိုအားတုန့် အားနာဖြစ်ရကြောင်းနှင့်ရုပ်ရှင်ဥက္ကဋ္ဌတာဝန်များကို
ကျေပွန်အောင်မထမ်းဆောင်နိုင်ခြင်းအတွက်“ကျွန်တော်အား ယုံကြည်ကိုးစား စွာ တာဝန်ပေးအပ်ခဲ့ကြသောရုပ်ရှင
လောကသားများကိုလည်း သက် တမ်းကာလပြီးဆုံး
သည်အထိ ကျွန်တော့်အနေဖြင့်တာဝန်ကျေစွာပေး ဆပ်ခြင်းမပြုနိုင်ခဲ့သည့်အတွက် အလွန်တရာမှ ရှက်ရွံ့ဝမ်း
နည်းကြေ ကွဲစွာ တောင်းပန်အပ်ပါသည်”ဟုရုပ်ရှင်လောက
သားများသို့ တောင်းပန်သောစာအဖြစ် မြန်မာနိုင်ငံရုပ်ရှင်အစည်း
အရုံးကဇွန်၈ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန်ကျေညာထားခဲ့ပါသေးသည်။
Credit To:Popular Journal

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်