သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..
Monday 10 June 2013
မလေးရှားရောက်မြန်မာမျာအတွက်စိတ်ပူနေသောမြန်မာပြည်မှမိဘများသိစေရန်ပါ-
ဒီအကြောင်းလေးကိုကျနော် အရဲစွန့် စွာနှင့် ရေးလိုက်တာပါ ။ဒီဘလောက်ဟာ ဘယ်ကနေတင်ပြီးဘယ်လိုရေးနေတယ်ဆိုတာ ။အိုင်ပီဆာဗာက သိပါတယ် ။စာအရေးသာချော်ခဲ့ ယင် စာရေးသူထိခိုက်နစ်နာဘို့  ရှိပါတယ်။
အကြောင်းမှာ။အခုရက်ပိုင်းတွင်း မလေးရှားမှာမြန်မာတွေ အကြောင်းမဲ့ ဆိုသလို အသတ်ခံအဖမ်းဆီးခံရတာ
ထိုအချိန်မှာ မိမိကိုယ်မိမိသာလုံခြုံအောင် တာဝန်ယူနေရပါတယ်။
လူတိုင်းသိပြီးသားပါ။ဒီအကြောင်းရှည်ဝေးမပြောလိုတော့ ပါဘူး။နေ့ စဉ်နှင့် အမျှ မြန်မာပြည်မှ ရပ်မိရပ်ဖ မိတ်ဆွေ များ မိမိသားသမီးညီကိုယ်မောင်နှမများအား စိုးရိမ်စိတ်ဖြင့်  ဖုန်းတွေခနခနဆက်မေးကြ ။အင်တာနက်ပေါ်မှာ
ဆက်သွယ်ကြတွေ့ ကြုံနေရပြီး။ကျနော့် ကိုလည်း ထိုနည်းအတူပါ။နားမလည် ရှင်းမပြနိုင်သော အကြောင်းရာတွေရှိနေသလို။အဓိက မှန်တဲ့ သတင်းတွေလည်းရှိသလို ။ဖေ့စ်ဘုတ်တွေမှာ အကောင့် အတုတွေ ပုံသဏ္ဍန်အမျိုးမျိုးနဲ့ ။မဟုတ်တဲ့ သတင်းတွေလည်းဖွနေတာ။တွေ့ ရသလို။
အယောင်ဆောင်တွေ။နိုင်ငံရေးသမားအတုတွေ
ကလည်း။ချော်လည်းရောထိုင်ပြီး ဖွနေတာတွေ့ ရပါတယ်။အထူးသဖြင့် ဖေ့စ်ဘုတ်သည် ။ပြသနာတစ်ခုပါ ။မဟုတ်ထာကများနေပြီး။သတင်းအမှန်မသိပဲလိုက်ရှယ်။နေကြတာကများနေပါတယ်
။မြန်မာပြည်အင်တာနက်ကိုင်ပြီး။ဟမ်းဖုန်းတွေပေါ်မှာ။နက်ဆိုင်တွေထဲမှာ။မလေးရှားသတင်းဖတ်ယင်။
ဟုတ်မှန်သည် မမှန်သည်။မှုယင်းတင်တဲ့ လင့် ခ်ကို သေချာစစ်ဆေးပါ။လိုင်စင်ရ ဝက်ဘ်ဆိုဒ်ကြီးတွေမှ တင်ထားသော သတင်းတွေနှင့်  သေချာချိန်ကိုက်ပါ။CNN NEWS တို့ အစရှိသည်နှင့်  ချိန်ကိုက်ဖတ်ပါ။
မြန်မာပြည်မှပိုင်ရှင်မိဘများမှလည်း မလေးရှားရောက်သားသမီး ညီအကိုယ် မောင်နှမများထံ အခုလိုအချိန် ငွေကြေးမှာယူခြင်း သီးခံနားလည်မှု့ ပေးထားပါ။
ငွေကြေးပေးပို့ လွှဲရန်အတွက် ။သက်ဆိုင်ရာ ဘဏ်။မြန်မာဆိုင်တွေသွားရန် လမ်းကြောင်း အနေထား ။အဖမ်းဆီး။ ဘေးအန္တရာယ်။အစရှိသည်သို့ ။ခက်ခဲရှိပြီးသွားလာရန်။စိုးရိမ်နေရသောကြောင့် ပါ။
တော်တော်များများ မိမိဘပြည်သူများက ကျနော့် အပါဝင်။မင်းတို့ မနေနဲ့  ပြန်လာခဲ့ တော့  ပြောသံတွေကြားနေ
ရပါတယ်။ကျနော်နှင့် အတူ မလေးရှားရောက် မြန်မာများအတွက် လွယ်ကူသလို ခက်ခဲနေသော။ဖြေရခက်နေပါတယ်။
ဆပ်ရန်ခက်ခဲနေ၍ မထူးဇတ်ခင်း အများမိုးခါးရေသောက် ဆက်လက်နေရခြင်း။
မပြည့် စုံခြင်း။အောက်လမ်းနယ်စပ်မှ အေးဂျင့် ကိုယ်စားလှယ်များနှင့်  ပြန်ဘို့ ရာကလည်း။လမ်းတွင် 
အမျိုးမျိုးဖုံသော အဖမ်းဆီး အသက်ဘေးအန္တရာယ် စိုးရိမ်မိပြီး ပို့ ဆောင်ပေးသော အေဂျင်စီများမှလည်း
အခုလိုအချိန်တာဝန်မယူရဲပိတ်ထားခြင်း။မလေးရှားရောက်ပြီးမှ ။မိမိလုပ်ငန်း နေထိုင်မှု့ အတွက်။ကာကွယ်
မှု့ ရအောင်။UN စာရင်းအတိကျဝင်ထားပြီး။လေယျာဉ်ဖြင့် ပြန်မရခြင်း။မြန်မမာပြည်အစိုးရမှ သိရှိလျှင်လည်း
ဖြစ်ပါတယ်။ပြန်ခြင်သူများကလည်း။ကျနော်နှင့်အတူ%အပြည့် ခံစားကိုယ်စီ ရှိကြပါတယ်။
ကျနော့်အနေနဲ့ ကတော့ ။မကြာခင်မှာတောတွင်းမှာ ။မြန်မာနိုင်ငံတော်အစိုးရနှင့်  ။မလေးရှားအစိုးရတို့ 
တစ်ခုခုညှိနိုင်းပြီး။မြန်မာပြည်ပြန်ခြင်သူများ ပြန်နိုင်ရန်အတွက် ဆောင်ရွက်မယ်လို့ ။သေချာမသိသေးပေမဲ့ 
ထင်မြင်ယူဆမိပါတယ်။(မြန်မာပြည်မှမိဘပြည်သူများဖတ်ရန်ပါ)
*****မလေးရှားတွင်နေထိုင်သော ရွှေညီအကိုများ ကတော့ မလိုအပ်ယင် ပြင်ပသို့ ထွက်ခြင်း-အားလပ်
အလုပ်ပိတ်ရက်တွင် ရှော့ တ်ပင်ထွက်ခြင်း။စူပါမားကက်သွားခြင်း။မှုးယစ်သေစာသောက်စားခြင်း။
အထူးရှောင်ကျဉ်ပြီး။သွားလာသတိမှု၍။မိမိမိုဘိုင်းဖုံးတွင် အရေးပေါ်တစ်ဦးနှင့် တစ်ယောက်
ဖေးမကူညီဆက်သွယ်ရန်အတွက် ခရက်တစ်ငွေထည့် ထားခြင်း။အချိန်ခါမဲ့  မြန်မာသီချင်းကျယ်လောင်စွာ
ဖွင့် ခြင်း။ရုပ်ရှင်ဇတ်လမ်းကြည့် ခြင်း။လမ်းသွား လျှင် ကွမ်းယာဝါးပြီး တယ်လီဖုန်းကျယ်လောင်စွာပြောခြင်း
ဆင်ခြင်ပြီး။ချစ်ချင်ခင်ခင် အေးချမ်းတိုင်ပင် ညှိနိုင်းစွာနေကြပါလို့ ။
(ကျနော်အလင်းရောင်ကြယ်များ) ဘလောက်မှ စေတနာမှန်ဖြင့်  ရေးသားတင်ပြလိုက်ပါတယ်။
1 comment:
  1. ကောင်းတယ်အကိုေ၇့..ဘာပဲဖြစ်၂ဒီစာလေးကိုမလေးကရျွှေတွေး
    လည်းဖတ်သင့်ပါတယ်..
    ReplyDelete
နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ
Blogger Tips and TricksLatest Tips For BloggersBlogger Tricks
ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်