သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Friday 5 July 2013

မန္တလေးဘူတာကြီးတွင်မူးယစ်ဆေးဝါးများဖမ်းဆီးရမိ


 Friday, July 5, 2013

မန္တလေးဘူတာကြီး စင်္ကြန်အမှတ်(၁)၌ တွဲဆိုင်းထိုးထားသော မန္တလေးမှ
မြစ်ကြီးနားသို့ ထွက်ခွာမည့် အမှတ်(၃၃)အဆန်ရထား၊အိပ်စင်တွဲ(၃)၊
အိပ်ခန်း(F -3) တွင်ထိုင်နေသော



 မယိန်းဂျိန်၊သ(၃၁)နှစ်၊(ဘ)ဦးယော်သိန်း၊(၁၃/ကခန(နိုင်)၀၅၁၉၉၈)၊ရပ်ကွက်(၈)၊နယ်မြေ(၃)နေသူအား မီးရထားရဲစခန်းမှတပ်ကြပ်ကြီးရှုမောင်တင်၊ဒုတပ်ကြပ်သူရကျော်စွာ၊ဒုတပ်ကြပ်
ခင်မောင်ထွန်း၊အမျိုးသမီးရဲတပ်သားအိအိဖြူတို့မှ ဇူလိုင်လ(၃)ရက်နေ့(၁၇း၁၅)အချိန်ခန့်တွင် မသင်္ကာဖွယ်တွေ့ရှိရသဖြင့် ရဲစခန်းသို့ခေါ်ယူပြီး အသိသက်သေများရှေ့တွင် စစ်ဆေးခဲ့ရာ ၎င်းယူဆောင်လာသောClou Dragon တံဆိပ်ပါ နီနက်ကြားခရီးဆောင်လက်ဆွဲအိတ်အတွင်းမှ ကြွပ်ကြွပ်အိတ်အမဲရောင်ဖြင့်ထုတ်လျက် တိတ်အကြည်ပတ်ထားသောအထုပ်နှစ်ထုပ်ထဲ တစ်ထုပ်လျင်(၁၂)ဂရမ်စီပါ ရောင်စုံဆပ်ပြာခွက်(၂၂)ခွက်အတွင်း ထည့်ထားသော ဘိန်းဖြူဟုယူဆရသော ဖြူဝါရောင်အမှုန့်(၂၆၄)ဂရမ်၊ကာလတန်ဖိုးငွေ(၂၁၁,၂၀၀,၀၀)ကျပ်နှင့် ၎င်းအိတ်ထဲမှပင်မှိုင်းကိုင် စက္ကူဖြင့်ပတ်ထားသော အပြာရောင်ကပ်ခွာအိတ်(၇)အိတ်
အတွင်းမှ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၁၃၃၀)ပြား၊ကာလတန်ဖိုးငွေ(၆၆၅,၀၀၀,၀)ကျပ်တို့အား ရှာဖွေတွေ့ရှိရသဖြင့် မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိ သယ်ဆောင်လာသူ မယိန်းဂျိမ် အား ရထားရဲစခန်းမှ မယ(ပ)၁၈/၂၀၁၃၊မူး/စိတ်ပုဒ်မ-၁၅/၁၉(က)အရ အမှုဖွင့် အရေးယူထားရှိကြောင်း
သိရှိရသည်။

Lin Yoneမန္တလေး open

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်