မင်္ဂလာဒုံမြို့နယ်ရှိ
စားသောက်ဆိုင် တစ်ခုအတွင်း အုပ်စုဖွဲ့ ဓားကိုင်၍ ၀င်ရောက်ကာ
စားသုံးသူများအား ခြိမ်းခြောက်ငွေတောင်းယူမှု ဖြစ်ပွား
အုပ်စုဖွဲ့ ဓားကိုင်၍ မင်္ဂလာဒုံမြို့နယ်ရှိ PRIVACY II စားသောက်ဆိုင် တစ်ခုအတွင်း ၀င်ရောက်ကာ

ဆိုင်အတွင်း စားသုံးသူများကို
ခြိမ်းခြောက်ငွေတောင်း ယူမှု ဇူလိုင် ၄ ရက်ည ၁၀ နာရီဝန်းကျင် က
ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မင်္ဂလာဒုံမြို့နယ်၊ ပြည်တော်သာ ရပ်ကွက်တွင် နေ ထိုင်သော ကျော်လင်းသည် အရှည် ၁၈ လက်မခန့်ရှိဓားကို ကိုင်ဆောင်ကာ အခြားလူငယ် ခုနစ်ဦးတို့သည် ည ၁၀ နာရီကျော်တွင် ဆိုင်အတွင်းသို့ ၀င်ရောက်လာပြီး စားပွဲဝိုင်းတစ်ခု၌ အရက်နှင့် ရေသန့်မှာယူကာ စားသောက်နေကြောင်း၊
ယင်းနောက် ကျော်လင်းနှင့် အတူပါလာသူ ခုနစ်ဦးတို့သည် အခြားစားသောက်ဝိုင်းရှိ စားသုံးသူများထံသို့ ကူးသွားပြီး အရက်ဖိုး တောင်းခံခဲ့ပြီး "မပေးလျှင် ဓားကိုကြည့်" ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြော င်း၊ ထိုအခါ ဆိုင်အတွင်း စားသုံးသူ အချို့မှာ ကြောက်လန့်ပြီး ငွေကြေးပေးခြင်း၊
အချို့မှာ ယင်းစားသောက်ဆိုင်မှ ပြန်လည်ထွက်ခွာခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
"ကျွန်တော်တို့က ဆိုင်သိမ်းပြီး အိမ်မှာအိပ်နေတာပါ။ ဆူညံသံတွေကြားလို့ အပြင်ကို ထွက်ကြည်တော့ ဓားတွေကိုင်နေတဲ့ လူအုပ်စုကို စားသောက်ဆိုင်ထဲမှာ တွေ့ရတယ်။ ကျွန်တော့်အထင် လူကခုနစ်ဦး မကဘူး။ ၁၃ ဦးလောက် ရှိမယ်လို့ ထင်တယ်။ သူတို့တွေက တစ်ဝိုင်းပြီးတစ်ဝိုင်း ခုံပေါ်ကို ဓားထောက်ပြိး ပိုက်ဆံတောင်းတယ်။
ထိုင်နေတဲ့ လူတွေကလည်း ဓားတွေနဲ့ဆိုတော့ ကြောက်ပြီး ပါတဲ့ပိုက်ဆံတွေ အကုန်ထုတ်ပေးကြတယ်။ ကျော်လင်းကိုင်တဲ့ဓားက တော်တော်ရှည်တယ်" ဟု အဆိုပါ ရပ်ကွက်တွင် နေထိုင်ပြီး ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိခဲ့သူ အသက် ၃၀ ကျော်ခန့် အမျိုးသား တစ်ဦးက ဆိုသည်။
မင်္ဂလာမြို့မ ရဲစခန်းမှ အမှုစစ်ဖြစ်သူ ဒုရဲအုပ်ညွန့်ဝင်းက "ဒီဖြစ်စဉ်မှာ ကျော်လင်းပါ ခုနစ်ဦးတို့က တခြားဝိုင်းတွေဆီ မှာ ငွေတောင်းနေတယ်။
အဲဒီအချိန်မှာ ဆိုင်မန်နေဂျာက ရဲစခန်းကို ဖုန်းနဲ့အကြောင်းကြားတယ်။ အဲဒါနဲ့ ကျွန်တော်တို့က ဆိုင်ကိုချက်ချင်း ရောက်လာပြီး ခုနစ်ဦး ဖမ်းဆီးရမိခဲ့တယ်။ ကျော်လင်းဆိုသူက ထွက်ပြေးသွားတယ်။ နောက်ပြီး ဓားတစ်လက်ကိုလည်း ဆိုင်ထဲမှာတွေ့ရှိလို့ သိမ်းဆည်းခဲ့တယ်။
လွတ်မြောက်နေတဲ့ ကျော်လင်းကိုတော့ ရဲတပ်ဖွဲ့တွေနဲ့ ပြည်သူတွေ ပူးပေါင်းပြီး အမြန်ဆုံး ဖမ်းဆီးရမိအောင် ဆောင်ရွက်နေပါတယ်" ဟု ပြောပါသည်။ အဆိုပါဖြစ်စဉ်အား မင်္ဂလာဒုံမြို့မ ရဲစခန်းမှ (ပ) ၄၀၃/၂၀၁၃၊ ပြစ်မှုပုဒ်မ- ၃၈၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
Eleven Media Group
ဖြစ်စဉ်မှာ မင်္ဂလာဒုံမြို့နယ်၊ ပြည်တော်သာ ရပ်ကွက်တွင် နေ ထိုင်သော ကျော်လင်းသည် အရှည် ၁၈ လက်မခန့်ရှိဓားကို ကိုင်ဆောင်ကာ အခြားလူငယ် ခုနစ်ဦးတို့သည် ည ၁၀ နာရီကျော်တွင် ဆိုင်အတွင်းသို့ ၀င်ရောက်လာပြီး စားပွဲဝိုင်းတစ်ခု၌ အရက်နှင့် ရေသန့်မှာယူကာ စားသောက်နေကြောင်း၊
ယင်းနောက် ကျော်လင်းနှင့် အတူပါလာသူ ခုနစ်ဦးတို့သည် အခြားစားသောက်ဝိုင်းရှိ စားသုံးသူများထံသို့ ကူးသွားပြီး အရက်ဖိုး တောင်းခံခဲ့ပြီး "မပေးလျှင် ဓားကိုကြည့်" ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြော
အချို့မှာ ယင်းစားသောက်ဆိုင်မှ ပြန်လည်ထွက်ခွာခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
"ကျွန်တော်တို့က ဆိုင်သိမ်းပြီး အိမ်မှာအိပ်နေတာပါ။ ဆူညံသံတွေကြားလို့ အပြင်ကို ထွက်ကြည်တော့ ဓားတွေကိုင်နေတဲ့ လူအုပ်စုကို စားသောက်ဆိုင်ထဲမှာ တွေ့ရတယ်။ ကျွန်တော့်အထင် လူကခုနစ်ဦး မကဘူး။ ၁၃ ဦးလောက် ရှိမယ်လို့ ထင်တယ်။ သူတို့တွေက တစ်ဝိုင်းပြီးတစ်ဝိုင်း ခုံပေါ်ကို ဓားထောက်ပြိး ပိုက်ဆံတောင်းတယ်။
ထိုင်နေတဲ့ လူတွေကလည်း ဓားတွေနဲ့ဆိုတော့ ကြောက်ပြီး ပါတဲ့ပိုက်ဆံတွေ အကုန်ထုတ်ပေးကြတယ်။ ကျော်လင်းကိုင်တဲ့ဓားက တော်တော်ရှည်တယ်" ဟု အဆိုပါ ရပ်ကွက်တွင် နေထိုင်ပြီး ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိခဲ့သူ အသက် ၃၀ ကျော်ခန့် အမျိုးသား တစ်ဦးက ဆိုသည်။
မင်္ဂလာမြို့မ ရဲစခန်းမှ အမှုစစ်ဖြစ်သူ ဒုရဲအုပ်ညွန့်ဝင်းက "ဒီဖြစ်စဉ်မှာ ကျော်လင်းပါ ခုနစ်ဦးတို့က တခြားဝိုင်းတွေဆီ မှာ ငွေတောင်းနေတယ်။
အဲဒီအချိန်မှာ ဆိုင်မန်နေဂျာက ရဲစခန်းကို ဖုန်းနဲ့အကြောင်းကြားတယ်။ အဲဒါနဲ့ ကျွန်တော်တို့က ဆိုင်ကိုချက်ချင်း ရောက်လာပြီး ခုနစ်ဦး ဖမ်းဆီးရမိခဲ့တယ်။ ကျော်လင်းဆိုသူက ထွက်ပြေးသွားတယ်။ နောက်ပြီး ဓားတစ်လက်ကိုလည်း ဆိုင်ထဲမှာတွေ့ရှိလို့ သိမ်းဆည်းခဲ့တယ်။
လွတ်မြောက်နေတဲ့ ကျော်လင်းကိုတော့ ရဲတပ်ဖွဲ့တွေနဲ့ ပြည်သူတွေ ပူးပေါင်းပြီး အမြန်ဆုံး ဖမ်းဆီးရမိအောင် ဆောင်ရွက်နေပါတယ်" ဟု ပြောပါသည်။ အဆိုပါဖြစ်စဉ်အား မင်္ဂလာဒုံမြို့မ ရဲစခန်းမှ (ပ) ၄၀၃/၂၀၁၃၊ ပြစ်မှုပုဒ်မ- ၃၈၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
Eleven Media Group
ရန်ကုန်၊ ဇူလိုင် ၇
၇.၇.၂၀၁၃ ရက်နေ့ ၀၀၃၀ အချိန်တွင် တာမွေမြို့နယ်၊
ကျောက်မြောင်းအရှေ့ရပ်ကွက်၊ အောင်မင်္ဂလာလမ်းနေ ဦးမိုးဦး၊ (ဘ)ဦးချစ်စိန်သည်သူငယ်ချင်းများထံသွားရောက်လည်ပတ်စဉ် ဇနီးဖြစ်သူနှင့် ကလေးနှစ်ဦးမှာလည်း အပြင်သို့ထမင်းကြော်
သွားစားကြရာ ၎င်းနေအိမ်တွင် သမီးအကြီးဖြစ်သူ မခိုင်သီရိမိုးဦးမှာ နေအိမ်အိပ်ခန်းအတွင်း၌ တစ်ဦးတည်းအိပ်၍
ကျန်ခဲ့စဉ် ၀၁၀၀ အချိန်ခန့်တွင် သမီးဖြစ်သူ၏
အိပ်ခန်းအတွင်းသို့ လူငယ်တစ်ဦးမှ ၀င်ရောက်လာပြီး ဆံပင်ဆွဲပါးရိုက်ကာချွန်ထက် သောအရာဖြင့်ထောက်ပြီး
နေအိမ်ရှိငွေ ကျပ်၃၉၀၀၀၀ အားလုယူထွက်ပြေးသွားကြောင်း
သိရ၍ ဦးမိုးဦးမှ တာမွေရဲစခန်းသို့ အမှုဖွင့်တိုင်ကြားရာ
တာမွေမြို့မရဲစခန်း (ပ)၂၈၁/၂၀၁၃၊ ပုဒ်မ ၃၈၂/၃၂၃ ဖြင့် အမှုဖွင့်ထားရှိခဲ့ပါသည်။
အဆိုပါ အမှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူတရားခံအား အမြန်ဆုံးစုံစမ်းဖော်ထုတ် ဖမ်းဆီးရမိရေးအတွက် တာမွေမြို့နယ်ရဲတပ်ဖွဲ့မှူး နှင့် တပ်ဖွဲ့ဝင်များမှ ပိတ်ဆို့ရှာဖွေ
စုံစမ်းခဲ့ရာ ၀၂၁၅ အချိန်တွင် တာမွေမြို့နယ်၊ သီတာလမ်း
နှင့် ကျောက်မြောင်းကြီးလမ်းဆုံတွ င် သက်သေခံငွေ
ကျပ်၃၉၀၀၀၀ ၊ စတား ၀က်အူလှည့် ၁ ချောင်းနှင့်အတူ
ပြစ်မှုကျူးလွန်သူ လှခိုင်၊ (ဘ)ဦးတင်အုန်း၊ ချောင်းပတ်လမ်း၊
စံပြရပ်ကွက်၊ ဒလမြို့နယ်နေသူအား ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။
၇.၇.၂၀၁၃ ရက်နေ့ ၀၀၃၀ အချိန်တွင် တာမွေမြို့နယ်၊
ကျောက်မြောင်းအရှေ့ရပ်ကွက်၊
သွားစားကြရာ ၎င်းနေအိမ်တွင် သမီးအကြီးဖြစ်သူ မခိုင်သီရိမိုးဦးမှာ နေအိမ်အိပ်ခန်းအတွင်း၌ တစ်ဦးတည်းအိပ်၍
ကျန်ခဲ့စဉ် ၀၁၀၀ အချိန်ခန့်တွင် သမီးဖြစ်သူ၏
အိပ်ခန်းအတွင်းသို့ လူငယ်တစ်ဦးမှ ၀င်ရောက်လာပြီး ဆံပင်ဆွဲပါးရိုက်ကာချွန်ထက်
နေအိမ်ရှိငွေ ကျပ်၃၉၀၀၀၀ အားလုယူထွက်ပြေးသွားကြောင်း
သိရ၍ ဦးမိုးဦးမှ တာမွေရဲစခန်းသို့ အမှုဖွင့်တိုင်ကြားရာ
တာမွေမြို့မရဲစခန်း (ပ)၂၈၁/၂၀၁၃၊ ပုဒ်မ ၃၈၂/၃၂၃ ဖြင့် အမှုဖွင့်ထားရှိခဲ့ပါသည်။
အဆိုပါ အမှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူတရားခံအား အမြန်ဆုံးစုံစမ်းဖော်ထုတ် ဖမ်းဆီးရမိရေးအတွက် တာမွေမြို့နယ်ရဲတပ်ဖွဲ့မှူး
စုံစမ်းခဲ့ရာ ၀၂၁၅ အချိန်တွင် တာမွေမြို့နယ်၊ သီတာလမ်း
နှင့် ကျောက်မြောင်းကြီးလမ်းဆုံတွ
ကျပ်၃၉၀၀၀၀ ၊ စတား ၀က်အူလှည့် ၁ ချောင်းနှင့်အတူ
ပြစ်မှုကျူးလွန်သူ လှခိုင်၊ (ဘ)ဦးတင်အုန်း၊ ချောင်းပတ်လမ်း၊
စံပြရပ်ကွက်၊ ဒလမြို့နယ်နေသူအား ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။
Yangon Police
ရန်ကုန် - ဇူလိုင် -၅
ဈေးကွက်တွင် ရေပန်းစားနေသော စင်ကာပူထီ သည် တရားမဝင် ဝင် ရောက်လာသည့်အ တွက် ဖြန့်ချိသူများ ကို မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေအ ရ ပြင်းထန်စွာအရေး ယူရန်စီ စဉ် နေပြီဖြစ် ကြောင်း ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဌာန ပြည်တွင်းအ ခွန်ဦးစီးဌာနမှ သိရသည်။
လက်ရှိ မြန်မာပြည်တွင်း၌ ပြည်သူများအကြား ပံျ့နှံ့စွာဝင် ရောက်လျက် ရှိသော စင်ကာပူထီ သည် တရားမဝင်သော မှောင်ခို လမ်းကြောင်း မှ ပြည်တွင်း သို့ဝင် ရောက်လာခြင်းဖြစ်နိုင်ကြောင်း၊
လက်ဝယ်ရောင်း ချနေသည်ကို တွေ့ရှိပါက တည်ဆဲဥပဒေပုဒ်မ ၂၉၄(က)နှင့်
အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်ဦးစီးဌာန အောင်ဘာ လေ
သိန်းဆုဌာနခွဲမှ ညွှန်ကြား ရေးမှူးဦးသိန်းနိုင်က ပြောသည်။
ဦးသိန်းနိုင်က ''အခုခေတ် စားနေတဲ့ စင်ကာပူထီဆိုတာဟာ တရားမဝင် မှောင်ခိုလမ်းကြောင်း က ဝင်ရောက်လာတာ အများဆုံး ဖြစ်နိုင်ပါတယ်။
ကျွန်တော် ဖြန့်ချိ ရောင်းချနေတဲ့ ပြည်တွင်းထီတွေ နဲ့အပြိုင် ရောင်း ချဖြန့် ဖြူးနေ တာ တွေ့ရှိခဲ့ ရင် တော့ တည်ဆဲဥပဒေ ပုဒ်မ ၂၉၄-(က)နဲ့အရေးယူ ဆောင်ရွက်သွားမှာပါ''ဟု ပြော သည်။
အဆိုပါထီကိုထိုးထားသော ပြည်သူများအနေဖြင့်လည်း မိမိ ထံတွင်ရှိသော ထီလက်မှတ်သည် စစ် မစစ် သေချာစွာ မသိနိုင် ကြောင်း၊ အကယ်၍ အဆိုပါ စင်ကာပူထီ ပေါက်ခဲ့လျှင်လည်း မည်သို့မည်ပုံ ထုတ်ယူရမည် ကို သေချာစွာမသိ ရှိကြကြောင်း ယင်းကဆက်လက် ပြောသည်။
ယင်းနိုင်ငံမှထီဖြစ်သော ကြောင့် ပေါက်ခဲ့လျှင်လည်း မိမိ နိုင်ငံအတွက်အကျိုးမရှိဘဲ အဆို ပါနိုင်ငံသို့ အခွန်ပေးဆောင်ရ မည်သာဖြစ်ကြောင်း တိုင်းပြည် အတွက် မည်သည့်အကျိုးကျေးဇူး မှ ရရှိမည်မဟုတ်သည့်အတွက် ယင်းထီ များကို ဆက်လက်မထိုး ကြရန် ဦးသိန်းနိုင်က ဆက်လက် ပြောသည်။ ဦးသိန်းနိုင်က ''ပြည်တွင်းထီ ဟာ မြန်မာနိုင်ငံအတွက် အခွန် ငွေအများဆုံးရှာပေးနိုင်တဲ့ လုပ် ငန်းတစ်ခုပါ။
ရရှိလာတဲ့ဝင်ငွေ ရာခိုင်နှုန်း၎ဝဟာ နိုင်ငံတော် ကို ပေးဆောင် ရတာပါ။ အခု သူတို့ ထီဆိုတော့ အခွန်က သူတို့နိုင်ငံ ကပဲရမှာပေါ့။ မြန်မာနိုင်ငံအတွက် ဘာမှ အကျိုးမရှိပါဘူး။ အမျိုး သားရေးကို ထိန်းသိမ်းတဲ့အနေ နဲ့ ပြည်တွင်းကထီကိုပဲ အားပေး စေချင်ပါတယ်''ဟု ပြော သည်။
စင်ကာပူထီထိုးနေသူ တစ် ဦးက ''ကျွန်တော်တို့ ဒီထီကို စိတ် ဝင်စားပြီး ထိုးရတဲ့အချက်က ထီ ပေါက်ရင် ဆုကြေးက ဒေါ်လာ ၂ဒသမ၃သန်းရမှာပါ။
ထီတန် ဖိုးက ဒီမှာဝယ်ရင်မြန်မာငွေ ကျပ် ၃၅ဝဝပဲပေးရ တယ်။ အောင်ဘာ လေထီက သိန်း ၁၅ဝဝ ပဲရှိတယ်။ ဒီလိုဆုကြေးကွာခြားနေတဲ့အ တွက် စင်ကာပူထီကို ထိုးတယ်'' ဟုပြောသည်။
အဆိုပါ စင်ကာပူထီသည် အက္ခရာမပါဘဲ ဂဏန်းခုနစ်လုံး သာရှိပြီး အောင်ဘာလေထီသည် အက္ခရာနှင့် ဂဏန်းခြောက်လုံး ဖြစ်သည့် အတွက် ထီဝါသနာရှင် များအနေဖြင့် ဆုမဲအကြီးပေါက် ရန် လွယ်ကူသောပြည်ပမှထီကို သာ စိတ်ဝင်စားမှုများကြောင်း ယင်းက ထပ်မံပြောသည်။
အဆိုပါထီ တရားမဝင်အ ပြိုင်ရောင်းချဖြန့်ဖြူးနြေ ခင်းသည်
ပုဒ်မ-၂၉၄(က)၊ ပြစ်ဒဏ်အနေ ဖြင့် ထောင်ဒဏ်ခြောက်လအထိ သတ်မှတ်နိုင်ပြီး
ငွေဒဏ်မှာ မနည်း လွန်း မများလွန်းသော ပမာဏ နှင့် ဒဏ်နှစ်ရပ်စလုံးလည်း
ပူးတွဲ ကျနိုင်သည် အထိ အရေးယူဆောင် ရွက်နိုင်ကြောင်း ဥပဒေပညာရှင် များထံမှ
သိရသည်။
ဝေဝေနှင်း
Yangon Media
ဈေးကွက်တွင် ရေပန်းစားနေသော စင်ကာပူထီ သည် တရားမဝင် ဝင် ရောက်လာသည့်အ တွက် ဖြန့်ချိသူများ ကို မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေအ ရ ပြင်းထန်စွာအရေး ယူရန်စီ စဉ် နေပြီဖြစ် ကြောင်း ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဌာန ပြည်တွင်းအ ခွန်ဦးစီးဌာနမှ သိရသည်။
လက်ရှိ မြန်မာပြည်တွင်း၌ ပြည်သူများအကြား ပံျ့နှံ့စွာဝင် ရောက်လျက် ရှိသော စင်ကာပူထီ သည် တရားမဝင်သော မှောင်ခို လမ်းကြောင်း မှ ပြည်တွင်း သို့ဝင် ရောက်လာခြင်းဖြစ်နိုင်ကြောင
ဦးသိန်းနိုင်က ''အခုခေတ် စားနေတဲ့ စင်ကာပူထီဆိုတာဟာ တရားမဝင် မှောင်ခိုလမ်းကြောင်း က ဝင်ရောက်လာတာ အများဆုံး ဖြစ်နိုင်ပါတယ်။
ကျွန်တော် ဖြန့်ချိ ရောင်းချနေတဲ့ ပြည်တွင်းထီတွေ နဲ့အပြိုင် ရောင်း ချဖြန့် ဖြူးနေ တာ တွေ့ရှိခဲ့ ရင် တော့ တည်ဆဲဥပဒေ ပုဒ်မ ၂၉၄-(က)နဲ့အရေးယူ ဆောင်ရွက်သွားမှာပါ''ဟု ပြော သည်။
အဆိုပါထီကိုထိုးထားသော ပြည်သူများအနေဖြင့်လည်း မိမိ ထံတွင်ရှိသော ထီလက်မှတ်သည် စစ် မစစ် သေချာစွာ မသိနိုင် ကြောင်း၊ အကယ်၍ အဆိုပါ စင်ကာပူထီ ပေါက်ခဲ့လျှင်လည်း မည်သို့မည်ပုံ ထုတ်ယူရမည် ကို သေချာစွာမသိ ရှိကြကြောင်း ယင်းကဆက်လက် ပြောသည်။
ယင်းနိုင်ငံမှထီဖြစ်သော ကြောင့် ပေါက်ခဲ့လျှင်လည်း မိမိ နိုင်ငံအတွက်အကျိုးမရှိဘဲ အဆို ပါနိုင်ငံသို့ အခွန်ပေးဆောင်ရ မည်သာဖြစ်ကြောင်း တိုင်းပြည် အတွက် မည်သည့်အကျိုးကျေးဇူး မှ ရရှိမည်မဟုတ်သည့်အတွက် ယင်းထီ များကို ဆက်လက်မထိုး ကြရန် ဦးသိန်းနိုင်က ဆက်လက် ပြောသည်။ ဦးသိန်းနိုင်က ''ပြည်တွင်းထီ ဟာ မြန်မာနိုင်ငံအတွက် အခွန် ငွေအများဆုံးရှာပေးနိုင်တဲ့
ရရှိလာတဲ့ဝင်ငွေ ရာခိုင်နှုန်း၎ဝဟာ နိုင်ငံတော် ကို ပေးဆောင် ရတာပါ။ အခု သူတို့ ထီဆိုတော့ အခွန်က သူတို့နိုင်ငံ ကပဲရမှာပေါ့။ မြန်မာနိုင်ငံအတွက် ဘာမှ အကျိုးမရှိပါဘူး။ အမျိုး သားရေးကို ထိန်းသိမ်းတဲ့အနေ နဲ့ ပြည်တွင်းကထီကိုပဲ အားပေး စေချင်ပါတယ်''ဟု ပြော သည်။
စင်ကာပူထီထိုးနေသူ တစ် ဦးက ''ကျွန်တော်တို့ ဒီထီကို စိတ် ဝင်စားပြီး ထိုးရတဲ့အချက်က ထီ ပေါက်ရင် ဆုကြေးက ဒေါ်လာ ၂ဒသမ၃သန်းရမှာပါ။
ထီတန် ဖိုးက ဒီမှာဝယ်ရင်မြန်မာငွေ ကျပ် ၃၅ဝဝပဲပေးရ တယ်။ အောင်ဘာ လေထီက သိန်း ၁၅ဝဝ ပဲရှိတယ်။ ဒီလိုဆုကြေးကွာခြားနေတဲ့အ တွက် စင်ကာပူထီကို ထိုးတယ်'' ဟုပြောသည်။
အဆိုပါ စင်ကာပူထီသည် အက္ခရာမပါဘဲ ဂဏန်းခုနစ်လုံး သာရှိပြီး အောင်ဘာလေထီသည် အက္ခရာနှင့် ဂဏန်းခြောက်လုံး ဖြစ်သည့် အတွက် ထီဝါသနာရှင် များအနေဖြင့် ဆုမဲအကြီးပေါက် ရန် လွယ်ကူသောပြည်ပမှထီကို သာ စိတ်ဝင်စားမှုများကြောင်း ယင်းက ထပ်မံပြောသည်။
အဆိုပါထီ တရားမဝင်အ ပြိုင်ရောင်းချဖြန့်ဖြူးနြေ
ဝေဝေနှင်း
Yangon Media
၂ ကြိမ် တိတိ အဓမ္မ ပြုကျင့်ရန် ကြံစဉ်သူ နိုင်ငံခြားသား ၀န်ထမ်းအား ရဲက အရေးမယူရဲ
ကျောက်ဖြူမြို့နယ် ဂုံးရှိန်ကျေးရွာ အနီးတွင် တည်ရှိသော လုပ်ငန်းခွင် တစ်ခုတွင် နေ့စား အလုပ်သမား တစ်ဦးကို နိုင်ငံခြား အလုပ်သမား တစ်ဦးက နှစ်ကြိမ်တိုင် အဓမ္မ ပြုကျင့်ရန် ကြံစည်သည်ကို ရဲသို့ သွားရောက် တိုင်ကြားသော်လည်း ရဲက အရေးမယူရဲဘဲ ဖြစ်နေကြောင်း သိရသည်။
အိန္ဒိယ လုပ်သားများသည် ယခုလို ပိုက်လုံးဆက်သည့် ရွှေဂတ်စီမံကိန်း တွင်လည်း ၀င်ရောက် လုပ်ကိုင်နေကြသည်။ (ဓါတ်ပုံ- နိရဉ္စရာ)
အိန္ဒိယ PunjLloyd ကုမ္ပဏီမှ Mr Ali Kumar သည် နေ့စား ၀န်ထမ်း တစ်ဦး ဖြစ် သူ ကျောက်ဖြူမြို့ နယ် ဂုံးရှိန်ကျေး၇ွာအုပ်စု စေပုတ်ကေ ကျေး ရွာမှ အသက် ၁၇ အရွယ် အမျိုးသမီးငယ် တစ်ဦးအား အဓမ္မပြုကျင့်ရန် ကြံစည်ကြိုးစားခဲ့သည်ဟု သိရသည်။
“ ကြိုးစားတာက ၂၅ ရက်နေ့ နံနက် ၈ နာရီမှာ ဖြစ်ပါတယ်။ အရာရှိနဲ့ ဘေးလူတွေ မြင်သွားတော့ အကြံအစည် မဖြစ်မြောက်လိုက်ဘူး။ ဒေသခံတွေက ရဲကို တိုင်ကြားတဲ့ အတွက် အဲဒီ အာလီ ကူမာကို ရဲစခန်းက ခေါ်သွားခဲ့ပါတယ်။
နောက်ပိုင်းမှာ MOGE ကုမ္ပဏီက တာဝန်ရှိသူတွေ လာ ပြီး အာမခံနဲ့ ခေါ်ထုတ်သွားခဲ့ပါတယ်” ဟု လူမူရေး လုပ်နေသူ လူငယ် တစ်ဦးက ပြောသည်။
MOGE မှာ Myanmar Oil and Gas Enterprise ဖြစ်ကြောင်း သိရသည်။
လုပ်ငန်းခွင်သို့ ပြန်ရောက်ပြီး ညနေ ၃ နာရီခန့်တွင် အာလီကူမာက နောက် ထပ် တစ်ကြိမ် အမ္မပြုကျင့်ရန် ကြံစည် ကြိုးစားခဲ့သည်ဟု သူက ဆိုသည်။
“ ဒေသခံ ဂုံးရှိန် ရွာသူ ရွာသားတွေသားတွေ နဲ့ ကျောက်ဖြူမြို့ ပေါ် က ပြည်သူတွေက ဒီဖြစ်ရပ်ပေါ် မှာ ကျောက်ဖြူရဲသို့ သွားရောက် တိုင်ကြားတယ်။ သူတို့က ပိုက်ဆံ ရထားတယ် ထင်ပါတယ်။ ဘာမှ အရေး မယူဘူး။ ဒေသခံတွေကတော့ ဒေါသထွက်လျှက် ရှိနေကြပါတယ်” ဟု သူက ဆိုသည်။
အမူမှာ တရားရုံးသို့  ယခု အချိန်ထိ မရောက်ရှိသေးဘဲ ကျောက်ဖြူမြို့ ရဲစခန်းတွင်သာ ရှိနေသေးကြောင်း တရားရုံးနှင့် နီးစပ်သူ ဒေသခံ တစ်ဦးက ပြောကြားသည်။
“ နိုင်ငံခြားသား အမူဆိုတော့ ရဲက တရားရုံးကို မပို့ဘဲ ထားတယ်လို့ ထင်ပါတယ်။ ကျွန်တော်သိရ သလောက် အမူက တရားရုံးကို မရောက်သေးဘူး။ ဒီအပေါ်မှာ ဒေသခံတွေက မကျေ မနပ် ဖြစ်နေကြတာပါ” ဟု ဆိုသည်။
ကျောက်ဖြူရဲစခန်းသို့ ဆက်သွယ်ရာ ဒီအမှုအကြောင်း မသိရှိကြောင်း ပြောကြား သည်။
ယခင်ကလည်း ဂုံးရှိန် ကျေးရွာတွင် ယခုကဲ့သို့ အလားတူ အဖြစ်အပျက်များ ပေါ်ပေါက်ခဲ့ဖူးကြောင်း၊ သို့သော်လည်း ကုမ္ပဏီမှ အမူကို ငွေပေးကာ ကျေအေးမူများ ရှိခဲ့သည်ဟု ဆိုသည်။
ဒေသခံ ပြည်သူများကမူ မြေသိမ်း၊ မတော်မတရားလုပ်မူ အပါအ၀င် အနိုင်ကျင့် စော်ကားမူများကြောင့် နိုင်ငံခြား ကုမ္ပဏီများ အပေါ် အထူးမကျေမနပ် ဖြစ်နေကြဟု ဆိုသည်။
ဘင်္ဂလာ ပင်လယ်အော်၏ ကောင်းမွေကို အစိုးရနှင့် နိုင်ငံခြား ကုမ္ပဏီများက မြိန်ရှက်စွာ အကျိုးခံစားနေကြရသော် လည်း ဒေသခံများ မှာမူ ကောင်းမွေကို တစ်စုံတစ်ရာ ခံစားခွင့်မရဘဲ ဆိုးမွေများကိုသာ ခံစားနေကြရသဖြင့် ရခိုင်မှ စီမံကိန်းများ အပေါ် အထူး စိတ်ပျက် နေကြသည်ဟု သိရသည်။
See More Here
http://www.narinjara.com/ burmese/?p=2429

http://www.narinjara.com/
No comments:
Post a Comment