မော်စီ ထောက်ခံ သူ များ က နိုင်ငံ အနှံ အုံ ကြွ ဆန္ဒ ပြ မှု ကြောင့် အီဂျစ် စစ်
တပ် မှ အင်အား အလုံး အရင်း သုံး ပြီး ဆောင် ရွက် နေရ သည် ဟု ကိုင်ရို
မှ လာသည့် သတင်း များ တွင် ဖော် ပြထား သည်။ အုံကြွ မှု တွင်
မွတ်ဆလင်ညီ အကို တော် များ အဖွဲ့  အား အခြား အစွန်း ရောက် မွတ်ဆလင် အဖွဲ့  များ က ပံ့ ပိုးသည် ဟု သတင်း ရရှိသည်။
မြောက်ကိုရီးယားနှင့် တောင်ကိုရီးယား နိုင်ငံတို့သည် ပိတ်ထားခဲ့ သည့် ခေဆောင်း စက်မှုဇုန် ပြန်လည် ဖွင့်လှစ်ရေး နည်းလမ်းရှာဖွေရေး အတွက် နှစ်နိုင်ငံတာဝန်ရှိသူများသ
Saturday, 06 July 2013
အမေရိကန် နိုင်ငံ Maryland ပြည်နယ် မှာ ၈ နှစ် အရွယ် အမျိုးသမီး ငယ် ကို လက်ရှိ ပြည်နယ်အုပ်ချုပ်ရေးမှူး Martin O'Malley ရဲ့ နေရာ အတွက် ပြီးခဲ့တဲ့ အင်္ဂါနေ့ တနေ့တာ ပြည်နယ်အုပ်ချုပ်ရေးမှူး အဖြစ် တာဝန်ယူဖို့ ရွေးချယ် လိုက်တာ ဖြစ်ပါတယ်။
...
အကြောင်းကတော့ အမျိုးသမီးငယ်များ လူထု နဲ့ ဆိုင်တဲ့ အရေးအကြောင်းတွေမှာ ပါဝင်လာဖို့ လှုပ်ဆော်မှု တရပ် အနေနဲ့ ရွေးချယ်ခြင်း ဖြစ်ပါတယ်။
သမီးလေး Genea Harrison ဟာ ပြည်နယ် အုပ်ချုပ်ရေးမှူး ယှဉ်ပြိုင်မှု စာစီစာကုံး မှာ နံပါတ် (၁) ရခဲ့တာပါ။ သူမ ရဲ့ စာစီစာကုံး ထဲမှာ အစိုးရ စာသင်ကျောင်း အခန်းတွေရဲ့ လူဦးရေ တွေကို လျှော့ချမယ်၊ လူထုလုံခြုံရေး၊ အမှိုက်သိမ်းမှု၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ စတဲ့ အစီအမံ အကြောင်း တွေ ထည့်ရေးခဲ့ပါတယ်။
တနေ့တာ ရွေးချယ်ခံထားရပေမယ့်၊ အမေရိကန် တနိုင်ငံလုံးက နိုင်ငံရေး အကြီးအကဲ တော်တော်များများ အားပေးခဲ့ကြပါတယ်။ သူ့မရဲ့ တနေ့တာ မှာ တိုင်ဝမ် နိုင်ငံက အထူးသံသမန် နဲ့ တွေ့ဖို့လဲ ချိန်းဆိုခဲ့ပါတယ်။
တရုတ်နိုင်ငံ စီချွမ်ပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်း မှုကြောင့် ရေကြီး မှုနှင့် မြေပြိုမှုများ ဖြစ်ပွားလျှက်ရှိပြီး ရှီမိန် စီရင်စုနှင့် ယာအန်းမြို့တွင် လူ(၉)ဦး သေဆုံးပြီး (၁၀)ဦး ပျောက်ဆုံးနေကြောင်း ဒေသခံ တာဝန်ရှိ သူများက ဇူလိုင်လ (၅)ရက်နေ့တွင် အတည်ပြုပြောကြား ခဲ့ပါသည်။
ပိုလန်နိုင်ငံ ၀ါဆော်ရှိ ရဲတပ်ဖွဲ့သည် ပြစ်မှုကျူးလွန်သူဟု သံသယရှိသူအား ဖမ်းဆီး ရာတွင် ပြည်သူလူထု အတွင်းမှ အထောက်အပံ့ ရယူရန် နည်းသစ် တစ်ခုကို ပြုလုပ်ခဲ့သည်။ ၎င်းမှာ smart phone တွေ၌ ကစားနိုင်သည့် Most wanted ဂိမ်းကို ဖန်တီးခဲ့ခြင်း ဖြစ်ပါသည်။
ဘန်ဒါ အာချေးမှာ ပြီး ခဲ့ တဲ့ နှစ် ရက် က လှုပ် ခတ် သွား တဲ့ ငလျှင် ကြောင့်
၃၅ ဦး သေဆုံး ပြီး နောက် မှာ ဒီနေ့  ထပ်မံ လှုပ်ခတ် ခဲ့ တဲ့ ၆.၂ မဂ္ဂနီကျု အဆင့် ရှိ တဲ့ ငလျှင် ကြောင့် ၃၅ ဦး ထပ်မံ သေဆုံး ပါတယ်။
အင်္ဂါနေ့ က လှုပ် ခတ်ခဲ့ တဲ့ နေရာ ထက် တောင် ဘက် နဲနဲ ပို ကျ တဲ့
ဆူမားတြား ကျွန်း က ဆီလ တန် ကျွန်းမှာ လှုပ် သွားတာ ဖြစ်ပါတယ်။
သြစတြေးလျ အရှေ့တောင်ပိုင်း ဗစ်တိုးရီးယားပြည်နယ်ရှိ ရေကန်တစ်ခု၏ အ၀င်ပေါက်ရေတိမ်ပိုင်းတွင် ဝေလငါးကြီးတစ်ကောင် သောင်တင်နေသည့်အတွက် လူအများအပြား လာရောက်ကြည့်ရှု ခဲ့သည်ဟု သိရသည်။ ယင်းနေရာသည် ကမ္ဘာလှည့်ခရီးသွား အပန်းဖြေစခန်း တစ်ခုဖြစ်ရုံသာမက ငါးဖမ်းဆိပ်ကမ်းလည်း ဖြစ်သည်ဟု ဒေသခံမီဒီယာများက ပြောကြားခဲ့သည်။
ဌာနပေါင်းစုံမှကူးယူတင်ပြထား၍မှုယင်းလင့် ခ်မချိတ်တော့ ပါ။
No comments:
Post a Comment