သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Thursday 11 April 2013

အနုပညာရှင်များ သင်္ကြန်ဝတ်စားဆင်ယင်မှု ရုပ်ရှင်အစည်းအရုံး နှိုးဆော်

http://sphotos-e.ak.fbcdn.net/hphotos-ak-prn1/66718_413616482066849_1140786575_n.jpg
 မဟာသင်္ကြန်ပွဲတော်တွင် ပါဝင် ဆင်နွှဲကြမည့် အနုပညာရှင်များ အနေနှင့် မြန်မာ့ ယဉ်ကျေးမှုနှင့် ဆန့်ကျင်သည့် လွန်ကဲသော ဝတ်စား ဆင်ယင်မှုများကို မပြုလုပ်ရန် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဧပြီလ၂ ရက် နေ့တွင် တိုက်တွန်းနှိုးဆော်စာ ထုတ်ပြန်လိုက်ကြောင်း ယင်းအစည်းအရုံး ပြန်ကြားရေးမှူး ဦးအေးကြူလေးက ပြောကြား သည်။

သင်္ကြန်ပွဲတော်တွင် ဖျော်ဖြေရေး အရဖြစ်စေ၊ ရေကစား မဏ္ဍာပ်ပေါ် တွင် ရေကစား သည်ဖြစ်စေ ၊ ရေပက်ခံထွက်သည်ဖြစ်စေ၊ လွန်ကဲသည့် ဝတ်စားဆင်ယင်မှုမလုပ်ရန် တိုက်တွန်းကြောင်း၊ ဝတ်စား ဆင်ယင်မှုအရ ပြစ်ဒဏ်ပေး၍ မရသော် လည်း မြန်မာ့ရုပ်ရှင်လောက ညစ်နွမ်းစေသည့် အပြုအမူဆိုလျှင် တရားစွဲ၍ရကြောင်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ဆိုသည်။


"မိုင်လေးတို့ကတော့ လွတ်လွတ် လပ်လပ်ဝတ်တာကိုတော့ လက်ခံပါတယ်။ ဒါပေမဲ့ အရမ်းကြီး သရုပ်ပျက်တဲ့ ဝတ်စားဆင်ယင်မှုတော့ မလုပ်စေချင်ပါဘူး"ဟု တေးသံရှင်ရတနာမိုင်က ပြောကြားသည်။

၂၀၁၂ ခုနှစ် မဟာသင်္ကြန်ပွဲတော် အတွင်း အနုပညာရှင်အချို့၏ ဝတ်စားဆင် ယင်မှုအပေါ် ပရိသတ်များ အကြား ဝေဖန်မှု ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့ပြီး ၄င်းတို့ နေပုံထိုင်ပုံများကို ခိုးကူးရောင်းချမှု များလည်းရှိခဲ့သည်။
The Voice weekly

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်