သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Saturday 13 April 2013

ရန်ကုန်သင်္ကြန် အကြိုနေ့ဗွီဒီယိုပါ

ရန်ကုန် သင်္ကြန်" ဧပြီလ ၁၃ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ မြန်မာ့ရိုးရာ အတာသင်္ကြန်ကို ရန်ကုန်မြို့မှာ စည်ကားသိုက်မြိုက်စွာ စတင်ကျင်းပခဲ့ပါတယ်။ မင်္ဂလာတောင်ညွှန့်မြို့နယ်က ကန်တော်ကြီး ကန်ပတ်လမ်း၊ ရန်ကင်းမြို့နယ်ကကမ္ဘာအေးဘုရားလမ်းနဲ့လှိုင်မြို့နယ်က ပြည်လမ်းမပေါ်မှာရှိတဲ့ ရေကစားမဏ္ဍပ်တွေမှာ နာမည်ကျော် အဆိုတော်နဲ့အနုပညာရှင်တွေက သီဆိုဖျော်ဖြေခဲ့ကြပါတယ်။ နာရေးကူညီမှုအသင်းရ့"ပေးဆပ်သူများ"သံချပ်အဖွဲ့ဟာ ပုဇွန်တောင်မြို့နယ်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ဒီကနေ့ မနက်က ဖျော်ဖြေခဲ့ပြီး၊တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့က ပူးပေါင်းစီစဉ်တဲ့ "ဒေါင်းတို့မျိုးဆက်" သံချပ်အဖွဲ့ကတော့ မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ နာရေးကူညီမှုအသင်းရုံးချုပ်မှာ ဒီကနေ့ညနေမှာ ပွဲဦးထွက် ဖျော်ဖြေခဲ့ပါတယ်။ ရန်ကုန်ရောက် ရခိုင်တိုင်းရင်းသားတွေ ဦးစီးကျင်းပတဲ့ ရခိုင်သင်္ကြန်ကိုတော့ သုဝဏ္ဏအားကစားကွင်းမှာ ဒီကနေ့ နေ့လယ်က ကျင်းပခဲ့ပါတယ်။ အသံ၂ထပ်မဖြစ်အောင်အော်တိုတင်ထားသောMp3သင်္ကြန်သီချင်းလေးအားခေတ္တSpotပိတ်ထားပြီး၎င်းဗွီဒီယိုဖိုင်အားPlayပါ။ RFA Burmese မှကူးယူတင်ပြပါသည်။

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်