သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Sunday 14 April 2013

သြစီကို ခိုးဝင်သူတွေများ လူဝင်မှု ထိန်းသိမ်းရေး စခန်း ပြည့်လျှံ

 
ခရစ္စမတ်ကျွန်းကို ရောက်ရှိလာတဲ့ ခိုဝင်ခွင့်တောင်းလိုသူတွေကို တွေ့ရစဉ် (Credit: Audience submitted)

သြစတြေးလျနိုင်ငံကို ​လှေတွေနဲ့ ​ရောက်လာသူတွေရဲ့ ​အရေအတွက်ဟာ ​တခါမှ ​မကြုံဖူးတဲ့ ​အရေအတွက် ​ဖြစ်လာတဲ့အတွက် ​ခရစ္စမတ်ကျွန်း ​လူဝင်မှုကြီးကြပ်ရေး ​ထိန်းသိမ်းရေးမှာ ​လူတွေ ​ပြည့်လျှံနေပြီလို  ​စခန်းတာဝန်ခံက ​ပြောပါတယ်။

လူပေါင်း ​၂၀၀၀ ​သာ ​ဆန့်တဲ့ ​ထိန်းသိမ်းရေး ​စခန်းမှာ ​အခုအခါ ​လူဦးရေ ​၂၂၀၀ ​ကို ​ထိန်းသိမ်းထား ​ရတယ်လို့ ​ဆိုပါတယ်။


တချို့လူတွေကို ​လောလောဆယ်မှာ ​ယာယီဖျင်တဲတွေနဲ့ ​နေရာချထား ​ရတယ်လို့လဲ ​သိရပါတယ်။
ကျွန်းမှာ ​နေထိုင် ​နေကြတဲ့ ​ဒေသခံတွေက ​လူဝင်မှုကြီးကြပ်ရေး ​ကိစ္စတွေကို ​အစိုးရက ​အဓိက ​မီးမောင်းထိုး ​ဦးစားပေးနေတော့ ​ဒေသန္တရ ​လိုအပ်ချက်တွေကို ​လျစ်လျူရှုခံနေ ​ရတယ်လို့ ​ပြောဆို ​နေကြပါတယ်။
သြစတြေးလျနိုင်ငံက ​ယခင်အုပ်ချုပ်ခဲ့တဲ့ ​ဝန်ကြီး ​ချုပ်ဟောင်း ​John ​Howard ​ဦးဆောင်တဲ့ ​အစိုးရ ​လက်ထက်က ​လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဟောင်း ​Phillip ​Ruddock ​က၊ ​အခုလို ​အဆက်မပြတ် ​ခိုလှုံခွင့်တောင်းဖို့ ​ဝင်ရောက် ​လာနေတဲ့ ​လှေတွေကို ​သူတို့ ​ဦးဆောင်တဲ့ ​အစိုးရ ​အနေနဲ့ ​အရင်ကလို ​ရပ်ဆိုင်း ​နိုင်တော့မှာ ​မဟုတ်ဘူးလို့ ​ဆိုပါတယ်။
အတိုက်အခံပါတီက ​သူတို့ ​အနေနဲ့ ​အခု ​လာမည့် ​ရွေးကောက်ပွဲမှာ ​အနိုင်ရခဲ့ရင် ​အရင်ကလိုဘဲ ​ခို ​လှုံခွင့် ​တောင်းဖို့ ​ဝင်လာသူ ​တွေကို ​ယာယီဗီဇာနဲ့ ​ဆက်ထားတာတွေ၊ ​လှေတွေကို ​အင်ဒိုနီးရှား ​နိုင်ငံကို ​ပြန်ပို့တာတွေကို ​လုပ်မယ်လို့ ​ဂတိပေး ​နေပါတယ်။
လက်ရှိ ​လေဘာ ​အစိုးရပါတီရဲ့ ​မူဝါဒတွေ ​အောင်မြင်မှု ​မရှိခဲ့တဲ့ ​အတွက် ​အခု ​နောက်ပိုင်းမှာ ​လှေတွေနဲ့ ​လာရောက်သူတွေ ​ပိုတိုးများ ​လာနေ ​မှုဟာ ​ပြဿနာ ​စိန်ခေါ်မှုက ​ပို ​မို ​ကြီးမား ​နေတယ်လို့ ​ဆိုပါတယ်။
ဒီပြဿနာ ​ကြီးမားလာမှုကို ​Philip ​Ruddock ​က ​စစ်လက်နက် ​ကျဉ်တိုက်ထဲက ​လက်နက်အားလုံးကို ​အသုံး ​ချရင်တောင် ​နိုင်မှာ ​မဟုတ်တော့ဘူးလို့ ​တင်စားပြီး ​ပြောသွားပါတယ်။
 http://www.radioaustralia.net.au/burmese/2013-04-12/1115108

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်