သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Monday 8 April 2013

ဖူကူရှီးမား နျူကလီးယား စက်ရုံမှ ရေဒီယို သတ္တိကြွ အရည် တန် ၁၂ဝ ခန့် ယိုစိမ့်

Monday, April 8, 2013
 
တိုကျို ဧပြီ ၇
ဂျပန်နိုင်ငံ မြောက်ပိုင်းရှိ သဘာဝ ဘေးဒဏ်ခံ ဖူကူရှီးမား ဒိုင်အိချိ နျူကလီး
ယား စွမ်းအင်စက်ရုံမှ ရေဒီယို သတ္တိကြွ အရည် တန် ၁၂ဝ ခန့်ယိုစိမ့်ခဲ့ကြောင်း
ယင်းစက်ရုံအား လည်ပတ်နေသည့် တိုကျို လျှပ်စစ်စွမ်းအင် ကုမ္ပဏီ (TEPCO) က ဧပြီ ၆ ရက်တွင် ပြောကြား ထားသည်။

၎င်းအရည်များသည် နျူကလီးယား ဓာတ်ပေါင်းဖို အအေးပေး စနစ်အတွက် မြေအောက်တွင် သိုလှောင်ထား သောရေလှောင်
ကန် ခုနစ်ခုအနက် တစ်ခုမှ ယိုထွက်နေခြင်း ဖြစ်ကြောင်း TEPCO က ကြေညာချက် တစ်စောင်တွင် ပြောကြားထားသည်။


အဆိုပါ ရေဒီယို သတ္တိကြွ အရည်များ ယိုစိမ့်မှုသည် မည်သည့် အတွက်ကြောင့် ဖြစ်ပေါ်သည် ဆိုခြင်းကို လည်းကောင်း၊ မည်
သည့်အချိန်တွင် ဖြစ်ပွားခဲ့ သည်ကို လည်းကောင်း TEPCO က ပြောကြားထားခြင်း မရှိပေ။ သို့သော် ရေလှောင်ကန်သည်
ပင်လယ်မှ မီတာ ၈ဝဝ ခန့် အကွာတွင် တည်ရှိခြင်းကြောင့် ၎င်း
သတ္တိကြွ အရည်များသည် သမုဒ္ဒရာ အတွင်းသို့ ယိုစိမ့်မှု မရှိဟု ယူဆရကြောင်း TEPCO က ပြောကြား ထားသည်။

ယိုစိမ့် ထွက်သွားသော ရေများအတွင်း ပါဝင်သည့် ရေဒီယို သတ္တိကြွ ပမာဏမှာ ခန့်မှန်းခြေ အားဖြင့် ၇၁ဝ gigabecquerel ခန့် ရှိကြောင်း
ကုမ္ပဏီ က ပြောကြားထားသည်။

မြ၀တီ

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်