သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Friday 12 April 2013

ကချင်အရေးမှာ တရုတ်တို့က အမေရိကန်နဲ့ ယူကေတို့ မပါစေချင်တာ ဘာကြောင့်လဲ

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXp_e1AM6fJJUsNnC5zrO1smkPsF0ckhYC2aXoWsN88rMaFLh3vF0Ty1HEIAhMuqS7R1VJqYikWMneFItMXEcXKPocxfLWI60neppqm6ZUG40fp3l3txZ_1Dkyf5OdQf-EWBIhsmLgpNHu/s320/peace+talk.jpg
အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီနဲ့ ကချင် လွတ်လပ်ရေး အဖွဲ့ ကေအိုင်အိုတို့ အခု ရက်ပိုင်း မြစ်ကြီးနားမြို့မှာ ကျင်းပဖို့ စီစဉ် ထားတဲ့ ဆွေးနွေး ပွဲ ပျက်ခဲ့ ရတာဟာ တရုတ် နိုင်ငံဘက်က ကန့်ကွက် မှု ကြောင့်လို့ ကချင် လူထု အခြေပြု အဖွဲ့ တွေကပြော ပါတယ်။ တရုတ်တို့က ဒီဆွေးနွေးပွဲမှာ ကုလ သမဂ္ဂ၊ ဗြိတိန်နဲ့ အမေရိကန် တို့ ပါဝင်မှာကို ကန့်ကွက် တာဟာ သူတပါး နိုင်ငံရေးကို ဝင်ရောက် စွက်ဖက် တာလို့ အဲဒီ အဖွဲ့က ပြောပါတယ်။


တရုတ်တို့က မြန်မာအစိုးရနဲ့ ကေအိုင်အိုကြား ဖြစ်နေတဲ့ ပဋိပက္ခမှာ ကြား ဝင်ပေး မယ်ဆိုပြီး ကမ်းလှမ်း ပါဝင်လာခဲ့ တာဖြစ်တယ်၊ ဒီလိုပါလာရတာ ကလည်း တရုတ်နယ်စပ်ဖြစ်နေတာ၊ စီးပွား ကုန်သွယ် ဘက် ဖြစ်နေ တာနဲ့ ရင်းနှီးမြှုတ်နှံမှုတွေ ရှိနေတာကြောင့် ဖြစ်တယ်လို့ ပြီးခဲ့တဲ့ မတ်လ တုန်းက တရုတ် အစိုးရရဲ့ အစီ အစဉ်နဲ့ ရွှေလီမှာ ပြုလုပ်ခဲ့ တဲ့ ဆွေးနွေးပွဲ မှာ ကေအိုင်အို ကချင် လွတ်လပ်ရေး အဖွဲ့ကို ထောက်ခံ ရပ်တည်ဖို့ တက်ရောက် ခဲ့တဲ့ UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ တွဲဘက် အတွင်းရေးမှူး ဦးခွန်ဥက္ကာက ပြောပါတယ်။

နောက် ဆွေးနွေး ပွဲကို တရုတ်တို့က သူ့နိုင်ငံထဲမှာဘဲ ဖြစ်စေချင်ပြီး၊ တရုတ်၊ မြန်မာ အစိုးရ နဲ့ ကေအိုင်အို သုံး ဖွဲ့ ဆွေးနွေးဖို့သာ လိုလားတယ်၊ ကုလသမဂ္ဂ အမေရိကန် ယူကေ တို့ပါလာခြင်း   ဖြင့် အခြေအနေကို ပိုရှုတ် ထွေးစေမယ်လို့ ယူဆပြီး အခုလောလောဆယ် ပါဝင်ဖို့ မလိုအပ်သေးဘူးလို့ သဘောထားပေး တယ် လို့ ဆိုပါတယ်။

ကချင်ပြည်နယ်တွင်း တိုက်ပွဲတွေ ပြင်းထန် လာချိန်မှာ နိုင်ငံ တကာ က ကြားဝင်ဖို့ ကမ်းလှမ်း လာခဲ့ကာ ချိန် မှာ သူမဝင်ရင် သူ့ရဲ့ နယ်စပ်မှာ တခြား နိုင်ငံတွကေ ပါဝင်ပတ်သက်လာမယ်ဆိုတဲ့ အမြင်၊ သူ့ရဲ့ ရေ ရှည် အကျိုးစီးပွား စတာတွေကြောင့် တရုတ်တို့က ကမန်း ကတမ်း ပေါ်လစီ ကို ပြောင်းပြီး   ကြားဝင်ဖို့ ကမ်း လှမ်း ခဲ့တာလို့ ယူဆ ကြောင်း ဦးခွန်ဥက္ကာ က ပြောပါတယ်။ မြန်မာ နိုင်ငံရဲ့ ပထဝီ နိုင်ငံရေး အနေ အ ထား အရ သူတို့ရဲ့ အမျိုးသား အကျိုးစီးပွားနဲ့ သူတို့ရဲ့ အမျိုးသား လုံခြုံရေး   ပေါ်လစီတွေ အရ တွက် ချက်ပြီး တရုတ်နဲ့ အနောက် နိုင်ငံတွေ မြန်မာ့ အရေးမှာ အားပြိုင် နေကြ တာ ဖြစ် တယ် လို့လည်း ဦးခွန် ဥက္ကာက သုံးသပ်ပါတယ်။

 VOA from- www.oppositeyes

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်