ကျွန်တော် အပြည့်အ၀ လေးစားထောက်ခံသည့် ပုဂ္ဂိုလ်ကတော့ ၁၉၄၅ ဧပြီလ ၂၀ ရက်နေ့မှာ မွေးဖွားခဲ့ပြီး ယနေ့မှာတော့ အသက် ၆၇ နှစ် အရွယ်ရှိနေသူ တစ်ယောက်ပါ။ သူဟာ သာမန် လှေသမား၊ လယ်သမား မိသားစုက ဧရာဝတီတိုင်းက ကျုံကူးဆိုတဲ့ ကျေးရွာလေးမှာ မွေးဖွားခဲ့တဲ့ နိုင်ငံသားကောင်း တစ်ယောက်ပါ။ ကျေးရွာ မူလတန်းကျောင်း၊ ကျေးရွာ အလယ်တန်းကျောင်း တွေမှာ တက်ရောက် ပညာသင်ကြားခဲ့ပြီး ၁၉၆၈ ပြည်တွင်းမှာ သောင်းကျန်းသူများနဲ့ တိုက်ပွဲများ ပြင်းထန်နေချိန်မှာ အသက်စွန့်ရနိုင်တဲ့ စစ်သားအလုပ်ကို ရွေး ချယ်ခဲ့သူလည်း ဖြစ်ပါတယ်။
၁၉၆၇ ခုနှစ် သူ့အသက် ၂၂နှစ် အရွယ်မှာ သူဟာ ရှမ်းသေနတ်ကိုင် တပ်ရင်း အမှတ်(၁)မှာ ဒုဗိုလ်တစ်ယောက် အဖြစ် တပ်စု တစ်စုကို တာဝန်ယူ ကွပ်ကဲပြီး နိုင်ငံ့တာဝန်ကို အသက်ပေးထမ်းဆောင်ခဲ့ပါတယ်။ ခြေလျင် တပ်ရင်းများ၊ ရုံးဌာနများ မှာ ရာထူးအဆင့်ဆင့် တာဝန်ယူခဲ့ပြီးနောက် ၁၉၉၇ မှာတော့ တြိဂံဒေသတိုင်းကို ကွပ်ကဲ အုပ်ချုပ်ရတဲ့ တိုင်းမှူး ဖြစ်ခဲ့ပါတယ်။ ထိုနောက်မှာတော့ သူ့ရဲ့ အပင်ပန်းခံ စွန့်လွှတ်မှု၊ ကြိုးပမ်းအား ထုတ်မှု၊ လူအများရဲ့ ယုံကြည်ကိုးစားမှုတို့ကြောင့
သူဟာ စစ်သားတစ်ယောက်ပီသခဲ့ပါတယ်။
သူ့ကို ကျွန်တော် လေးစားထောက်ခံတာဟာ ပုဂ္ဂိုလ်ရေး လုံးဝ မပါပါဘူး။ သူဟာ ကျေးရွာလေးတစ်ရွာက လူငယ်လေးတစ်ယောက် ဖြစ်ခဲ့ပေမယ့် တိုင်းပြည်အတွက် ပေးဆပ်မှုကြောင့် တိုင်းပြည်ကို အုပ်ချုပ်ခွင့် ရခဲ့ တယ်။ လုံးဝ ထင်မှတ်မထားခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ၂ နှစ်အတွင်း ဆောင် ရွက်နိုင် ချိန်မှာတော့ သူဟာ ကျွန်တော်တို့ရဲ့ နိုင်ငံအတွက် ယနေ့ခေတ်မှာ အပင်ပန်းခံနိုင်ဆုံး ပုဂ္ဂိုလ် ဖြစ်လာခဲ့တယ်။ သူ့အကြောင်းတွေကို ဖတ်ရတိုင်း မှာ လူငယ်တိုင်းအတွက် သာမက ကျွန်တော့်အတွက်ပါ စံနမူနာပြ ဖြစ်စေတဲ့ ကြိုးစားအားထုတ်မှု တွေကို တွေ့ခဲ့ရတာကြောင့် လေးစား ထောက်ခံမိခြင်း ဖြစ်ပါတယ်။
နှိုင်းယှဉ်ခြင်းတွေ ပြောမယ်ဆိုရင်တော့ လူတိုင်း လက်ခံဖို့ မဖြစ်နိုင်ပါဘူး။ ဂူတစ်ဂူထဲမှာ ခြင်္သေ့ နှစ်ကောင် မအောင်းဘူး ဆိုတဲ့ မြန်မာ စကားပုံ ရှိပေ မယ့် ကျွန်တော်တို့နိုင်ငံကတော့ ဒီတော ဒီတောင် လုံခြုံမယ် ဆိုရင် ခြင်္သေ့ အကောင် ၁၀၀ လည်း ဂူတစ်ဂူထဲမှာ နေလို့ ရနိုင်ပါတယ်။ သောင်းကျန်းသူ များ ကို လက်နက်စွန့်ဖို့ တစ်ခွန်း မပြောဖူးတဲ့ သူတွေ ငြိမ်းချမ်းရေးဆုတွေ ရနေချိန်မှာ လူမသိ သူမသိ သူဟာ လက်နက်စွန့်ပြီး ငြိမ်းချမ်း ရေးယူတဲ့ အဖွဲ့တွေကို လက်ဆွဲနှုတ်ဆက်နေခဲ့တယ်။ လူတိုင်း အာဏာရမှ လုပ်ချင်ရာ လုပ်ခွင့်ရမယ်လို့ ဆိုကြ ပေမယ့် အာဏာ မရှိခင်ကတည်းက သူဟာ အတတ်နိုင်ဆုံး ကြိုးစားခဲ့တယ်။
သူ့အတွက် ကျဆုံးမှုတွေ မရှိခဲ့ဖူးလို့တော့ မထင်ပါနဲ့။ သူ့အတွက် ဆုံးရှုံးမှုတွေ ၊ စိတ်ပျက်စရာတွေကို ဘ၀မှာ ကြုံခဲ့ဖူးပါတယ်။ သေအတူရှင်မကွာ ရဲဘော်ရဲဘက်တွေ ကျဆုံးခဲ့တာကိုလည်း သူခံစားဖူးပါတယ်။ သူကိုယ် တိုင် လည်း အသက်ဘေးကို ဥာဏ်နဲ့ယှဉ်ပြီး ဖြတ်သန်းခဲ့ရဖူးမှာပါ။ နိုင်ငံတကာကို ရောက်ချိန်မှာ မျက်ကန်း နိုင် ငံရေး လုပ်စားသူတွေရဲ့ အပုပ်ချ တိုက်ခိုက်မှု၊ ကိုယ်ထိလက်ရောက်နီးပါး စော်ကားမှုတွေကိုလည်း ရင်ဆိုင်ခဲ့ရ ပါတယ်။ နာဂစ် ဖြစ်တဲ့အချိန်မှာ သူကိုယ်တိုင် အပြေးသွား အကူအညီတွေ ဘယ်လောက် ပေးမယ်လို့ ကတိတွေ ပေးခဲ့ပေမယ့် အခြေအနေ အကြောင်းကြောင်းကြောင့် ထင်သလောက် မပေးခဲ့တဲ့အပေါ်မှာ သူ့ကြေ ကွဲ ၀မ်းနည်းရမှုတွေ၊ ဂုဏ်သိက္ခာ ဖျက်ဆီးခံရလုနီးပါး အခြေအနေတွေကိုလည်း ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် ယနေ့ထိ သူ ဘယ်သူ့ကိုမှ အပြစ်မဆိုခဲ့ပါဘူး။
ကျွန်တော် သူ့ကို အပြည့်အ၀ လေးစား ထောက်ခံပါတယ်။ ထို့အတူ သူနဲ့အတူ နိုင်ငံကောင်းကျိုး ဆောင်ရွက် တဲ့ မည်သူကိုမဆိုလည်း ထောက်ခံပါတယ်။ ဒါပေမယ့် သူ့လို ပါးစပ်ထက် လက်တွေ့ လုပ်ဆောင်ချက်များ များ ပြနိုင်တဲ့သူကိုပဲ ထောက်ခံတာပါ။
Oppositeyes မှကူးယူပြီး အလင်းရောင်ကြယ်များမှ ခေါင်းစဉ်ကို မိမိအမှန်တစ်ကယ်စိတ်နှင့်  ဖြည့် စွတ်ရေးသားတာပါ..
No comments:
Post a Comment