သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Monday 8 April 2013

မုဒိန်း မှုကို Youtube ပေါ်တင်ခဲ့သည့် GTC ကျောင်းသူလေး ( ဗွီဒီယို ဖိုင်ပါ)

ဆင်ခြင် နိုင်ရန် အတွက် ပြန်လည် တင်ပေးလိုက်ချင်းဖြစ်ပါတယ်။ဒီ အမှုကတော့ ၂၀၁၂ အစော ပိုင်းလောက် က ဖြစ်ပါတယ်။ ဇလွန်မြို့မှ မတရားပြု ကျင့်ခံရတဲ့ GTC ကျောင်း ဆင်း မသင်းကြူကြူ လှိုင်မှ သူ မရဲ့ အဖြစ်အပြက်အား အတုယူနိုင်စေရန်အတွက် Youtube ပေါ် တွင် တင် ခဲ့ခြင်း ဖြစ်နိုင် ပါတယ်။ အမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး အဆိုပါ ဦးမင်းသီလဆိုသူဟာ ဇလွန် -ဓနုဖြူ မီးရထား တာဝန်ခံ AE ဆိုပြီး ကျောင်းဆင်း ကျောင်းသားတွေကို အလုပ်ရမယ်ဆိုကာ လိမ် လည် လိုက်ခေါ်တယ်လို့ ဆိုပါတ ယ်..။ GTC ကျောင်းဆင်း မသင်းကြူကြူလှိုင်နှင့် ကျောင်းသားများ အလုပ်ခွင် ရောက်သွားတဲ့ အခါမှာ လုပ်ငန်း ခွင်မှ လူများက နင်တို့ ဘာလာလုပ်တာလဲ အဲဒီAE ကဒီမှာ အင်ဂျင်နီယာ ရိုးရိုးအဆင့်သာ ရှိတယ် ဆို လို့ GTC ကျောင်းဆင်း ကျောင်းသား ၂ယောက်နှင့် ကျောင်းသူ ၄ယောက်တို့ မိမိတို့ဘာသာ အခန်း ငှားပြီး အလုပ်ဆင်း ကြရတယ်လို့ ဆိုပါတယ်..။ ဦးမင်းသီလဆိုသူမှ မသင်းကြူကြူလှိုင်အား အလုပ်ဝင်ပြီး ၂ရက်၊ ၃ရက်အတွင်း ချစ်ကြိုက်ခဲ့တဲ့ သမီးရည်း စား ဖြစ် သည့် ပုံစံထွက်ဆိုသွားပြီး သမီး ရည်းစား အချင်းချင်း ကျူးလွန်ခဲ့သည့် ပုံသ ဏ္ဍာန် ဖြေဆို ထားပါ တယ်..။ From: သတင်းစုဗူး www.mmdailystar.com

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်