သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Saturday 13 April 2013

လူသားဆန်တဲ့ တိရိစ္ဆာန်


Saturday, 13 April 2013

Binti Jua ဆိုတာ အမေရိကန်နိုင်ငံ အီလီနွိုက်စ်ပြည်နယ် ဘရွတ်ဖီးလ်မြို့မှာ
ရှိတဲ့ ဘရွတ်ဖီးလ်တိရိစ္ဆာန်ရုံက ဂေါ်ရီလာမျောက်ဝံမလေးတစ်ကောင
ပဲဖြစ်ပါတယ်... Binti ဟာ သူမရဲ့အသက်ရှစ်နှစ်အရွယ် 1996 ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်ကြောင့် လူသိများ
ထင်ရှားခဲ့ပါတယ်...


သုံးနှစ်သားကလေးတစ်ယောက်ဟာ သူမကိုထားရှိတဲ့ တိရိစ္ဆာန်ရုံလှောင်ချိုင့်
လေးထဲကိုအမြင့်၁၈ ပေလောက်ကနေပြုတ်ကျလာခဲ့ပါတယ် အောက်မှာရှိတဲ့ ကွန်ကရစ်နဲ့ထိရိုက်ပြီး လက်တစ်ချောင်းကျိုးသွားပါတယ်.မျက်နှာမှာလည်း
ပြင်းထန်တဲ့ဒဏ်ရာရှိပြီး သတိလစ်သွားပါတယ်...

တိရိစ္ဆာန်ရုံကိုလာကြည့်ကြတဲ့ ပရိသတ်တွေက မျောက်ဝံတွေက ကလေးကို အန္တရာယ်ပြုမှာစိုးတဲ့အတွက် ကူကယ်ရာမဲ့ အော်ဟစ်နေကြစဉ်မှာပဲ Binti ဟာ ကောင်လေးရဲ့ဘေးကိုလျှောက်သွားပါတယ်... အကောင်ပိုကြီးတဲ့ တခြား ဂေါ်ရီလာမျောက်ဝံမတစ်ကောင်က အနားကပ်လာတဲ့အခါမှာလည်း Binti က ဟိန်းဟောက်မောင်းထုတ်လိုက်ပါတယ်...

Binti ဟာ ကလေးရဲ့ ကျောကို နှစ်သိမ့်တဲ့ပုံစံမျိုး ပုတ်ပေးပြီး တခြားမျောက်
ဝံတွေကပ်လာရင်လည်း လှည့်ပတ်ဟိန်းဟောက်နေပါတယ်... ဒါကြောင့် တိရိစ္ဆာန်ရုံဝန်ထမ်းတွေက ကလေးကို အန္တရာယ်မရှိကယ်ထုတ်နိုင်ခဲ့
ပါတယ်...

အဲ့ဒီလိုလုပ်နေစဉ်တလျှောက်လုံး သူမရဲ့ ၁၇ လသား သမီးငယ်ဖြစ်တဲ့ Koola ကို သူမရဲ့ကျောမှာ ချီပိုးထားပါတယ်.... ကောင်လေးဟာ ဆေးရုံကို
လေးရက်လောက်တက်ရောက်ကုသပြီး ပြန်လည်ကျန်းမာသွားပါတယ်....

Binti လိုပဲ လူသားကလေးလေးကို မျောက်ဝံကနေ ကယ်တင်ခဲ့တဲ့ တခြား
အဖြစ်အပျက်တွေအများအပြားရှိပါသေးတယ်... ထင်ရှားတာတစ်ခုကတော့ ဂျာစီတိရိစ္ဆာန်ဥယျာဉ်က Jambo ဆိုတဲ့ ဂေါ်ရီလာမျောက်ဝံအထီးဟာ သူ့လှောင်ချိုင့်ထဲကျလာတဲ့ ငါးနှစ်အရွယ် ကလေးတစ်ယောက်ကိုကာကွယ်
ပေးခဲ့ဖူးပါတယ်...

နှိုင်းရင့်နွေ

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်