သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Saturday 13 April 2013

အိမ်စာမလုပ်နိုင်သည့်သမီးကို လက်စွမ်းပြသည့် မိဘများ အဖမ်းခံရ


အမေ့အိမ် 
Saturday, 13 April 2013

အသက် ၇ နှစ်အရွယ် သမီးဖြစ်သူသည် ကျောင်းမှ အိမ်ပြန်လာပြီး အိမ်စာမလုပ်နိုင်သဖြင့် မိဘများက အလွန်အကျွံရိုက်နှက်သောကြောင့် ရဲကဖမ်းဆီး အရေးယူအပြစ်ပေးခဲ့ရသော ဖြစ်ရပ်တစ်ခု အမေရိကန်၊ အရီဇိုးနားပြည်နယ်၊ ဖီးနစ်မြို့တွင် ဖြစ်ပွားခဲ့သည်။

ရန်ဒီ စမစ်နှင့် သူ၏ဇနီးဖြစ်သူ မစ္စတီ တေလာတို့သည် သမီးဖြစ်သူ အိမ်စာလုပ်နေသည်ကိုကြည့်ပြီး ဒေါသထွက်သဖြင့် ရိုက်နှက်ဆုံးမကြသည်။ ထိုသို့ရိုက်နှက်ရာတွင် စမစ်က သမီးဖြစ်သူကို ခါးပတ်ချွတ်ကာ ရိုက်ခြင်း၊ လည်ပင်းကိုညှစ်ပြီး နံရံတွင်ကပ်ကာ မျက်နှာကို လက်သီးဖြင့်ထိုးခြင်း၊ မိခင်ဖြစ်သူက ကြိုးဖြင့် တုတ်ကာ ရိုက်နှက်ခြင်းတို့ကို ပြုလုပ်သောကြောင့် အပြင်းအထန် ဒဏ်ရာများ ရရှိခဲ့သည်။


သမီးဖြစ်သူသည် ကျောင်းသို့သွားသောအခါ ဒဏ်ရာများဖြင့် မြင်
မကောင်းအောင် ဖြစ်နေသောကြောင့် ကျောင်းရှိ ဆရာများက စုံစမ်းပြီး ရဲကိုတိုင်ကြသည်။ ရဲများက စစ်ဆေးရာတွင် မျက်နှာ၊ ကျောနှင့် ခြေထောက် တို့တွင် ဒဏ်ရာများကို တွေ့ရှိခဲ့ကြရသည်။

“တော်တော်ရက်စက်တယ်ဗျာ။ တစ်ကိုယ်လုံးလည်း အညိုအမည်းစွဲနေ
တယ်။ ခြေထောက်မှာဆိုရင် ကြိုးရာတွေကြောင့် သွေးခြည်တောင် ဥနေတယ်။ ပြတ်ရှဒဏ်ရာတွေကလည်း အနှံ့ပဲ” ဟု ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ထို့ပြင် ယခင်က စီးကရက်မီးဖြင့်ထိုးထားသည့် ဒဏ်ရာဟောင်းများကိုပါ ရှာဖွေတွေ့ရှိခဲ့ကြသည်။ ရဲများက လင်မယားနှစ်ယောက်ကို ဖမ်းလိုက်ပြီး ကလေးသူငယ်ဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုဖြင့် အရေးယူသွားမည်ဟု ဆိုသည်။ စမစ်သည် ကာလီဖိုးနီးယားတွင် ရန်ဖြစ်တိုက်ခိုက်မှုကြောင့် ဖမ်းဆီးမိန့်အထုတ်ခံထားရသူ တစ်ဦး လည်းဖြစ်သည်။

မောက္ခ

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်