သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Sunday 14 April 2013

နိုင်ငံတော် သမ္မတကြီး သမ္မတအိမ်တော်ဝင်းရှိ မိသားစု မဟာသင်္ကြန် မဏ္ဍပ်တွင် သင်္ကြန် ဆင်နွဲနေသည့် သတင်း ဓာတ်ပုံများ





နေပြည်တော် ဧပြီ ၁၄
နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်း တို့သည် ယနေ့ (အတာသင်္ကြန် အကျနေ့) နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် မြက်ခင်းပြင်၌ ကျင်းပသည့်  ၁၃၇၄ ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ရေသဘင် ပွဲတော်၌ ပါဝင်ဆင်နွဲကြသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်း တို့သည် နံနက် (၉) နာရီ (၁၅) မိနစ်တွင် နိုင်ငံတော်သမ္မတအိမ်တော် မြက်ခင်းပြင်ရှိ သမ္မတအိမ်တော်ဝင်း မိသားစု  အဆိုပါ
     

  ရေကစားမဏ္ဍပ်တွင် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံခေတ်ပေါ် တေးဂီတ အဖွဲ့၊ ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနနှင့် ကာကွယ်ရေး ဝန်ကြီးဌာန နှင့် နေပြည်တော်တိုင်း စစ်ဌာနချုပ်တို့မှ ယိမ်းအဖွဲ့ဝင်များနှင့် တေးသံရှင်များ၊ ရုပ်ရှင် အနုပညာရှင်များနှင့် တေးသံရှင်များက ခါသင်္ကြန် တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေ တင်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတက ခါသင်္ကြန်အဆိုအကများဖြင့် ဖျော်ဖြေကြသည့် ရုပ်ရှင်အမေများအဖွဲ့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
 ယင်းနောက် နိုင်ငံတော်သမ္မတ နှင့် ဇနီးတို့သည် တက်ရောက်လာကြသူများနှင့် မြန်မာ့ရိုးရာ မဟာသင်္ကြန် ရေသဘင်ပွဲတော်အား အတူတကွ ဆင်နွဲကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီး၊ ဒုတိယသမ္မတနှင့်ဇနီး၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်နှင့် ဇနီးတို့က သီဆိုကပြဖျော်ဖြေကြ သည့် ယိမ်းအဖွဲ့ဝင်များနှင့် အနုပညာရှင်များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြပြီး အခမ်းအနားကို ရုပ်သိမ်း လိုက်သည်။   



.. www.MyanmarExpress.net-(မြ၀တီ) -မြန်မာ့ သားကောင်း-

အလင်းရောင်ကြယ်များ

  မှစကားတစ်ခွန်း

ဒါဟာပွင့်လင်းမှု့ ဆိုတာ ပထမဆုံးအကြိမ်လို့ မြင်လိုက်ရပါတယ်..


No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်