သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Sunday 14 April 2013

မြို့အ၀င် သုံးထပ်တိုက်အား ရဲစခန်းအဖြစ် အသုံးပြုရန် KIA ပြင်ဆင်မှုများ ပြုလုပ်နေ


ကချင်ပြည်နယ်၊ မိုင်ဂျာယန်မြို့၊ မြို့အ၀င်ရှိ သုံးထပ်တိုက်အဟောင်းအား KIA အဖွဲ့မှ ရဲစခန်းအဖြစ် ထားရှိ ရန် ယမန်နေ့က ပြုပြင်မွမ်းမံမှုများ ပြုလုပ်နေသည်ဟု မြို့ခံများ၏ ပြောပြချက်အရ သိရှိရသည်။
မိုင်ဂျာယန်မြို့သည် မြန်မာ-တရုတ် နယ်စပ်ဖြစ်သောကြောင့် လူနေမှုထူထပ်လာပြီး ရာဇ၀တ်မှုများ မျာြး ပား လာသဖြင့် KIA အဖွဲ့မှ ၎င်းအဆောက်အဦအား ရဲစခန်းအဖြစ် အသုံးပြုရန် ပြုပြင်နေခြင်းဖြစ်သည်ဟု သိရ သည်။
“ဟိုတစ်နေ့ကစပြီး မြို့အ၀င်က သုံးထပ်တိုက်ကြီးကို ပြုပြင်မွမ်းမံနေတာ တွေ့တာပဲ၊ တရုတ် လက် သမားေ တွလို့ ပြောသံကြားတယ်၊ ရဲစခန်းဖွင့်မှာလို့ ပြောတယ်၊ ဒီမြို့ထဲမှာ သွားလာနေတဲ့ KIA အဖွဲ့ က ရဲတွေ ဆယ်ငါး ယောက်လောက် ရှိတယ်၊ မြို့လုံခြုံရေးနဲ့ ရာဇ၀တ်မှု ပပျောက်ရေးဆိုပြီး သွား လာနေပေမယ့် အရက်ဆိုင်မှာပဲ ထိုင်နေတာပါဗျာ၊ ဒီမြို့ထဲမှာ လောင်းကစားဝိုင်း၊ ဘိန်းရှူတဲ့အိမ်၊ ဘီယာ ဆိုင် နဲ့တွဲပြီး မကောင်းတဲ့အခန်းတွေ မျိုးစုံမှာ အဲဒီရဲတွေရှိတယ်၊ သူတို့က ငွေလည်း တောင်းတယ်၊ အလ ကား လည်း သောက်တယ်၊ ပြီးရင် မူးယစ်ရမ်းကားပြီး
 
 မြို့ခံတွေကို အနိုင်ကျင့်တယ်၊ အခုအဲဒီ အဆောက် အဦပြင်ပြီး ရင် ၀န်ထမ်းတွေ ထပ်တိုးဦးမယ်လို့ ပြောနေကြတာပဲ၊ သူတို့အတွက်ပဲ အကျိုးရှိတာပဲ၊ မြို့ ကတော့ ဒုစရိုက်လုပ်ငန်း မျိုးစုံနဲ့ ပျက်စီးနေတာကြာပါပြီ၊ ဒီဒေသမှာ တိုက်ပွဲတွေဖြစ်ခဲ့တော့ ပိုပြီး ဆိုး တာပေါ့” ဟု မြို့ခံစီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ ပြောပြချက်အရ သိရသည်။
မိုင်ဂျာယန်မြို့သည် KIA အဖွဲ့၏ ထိန်းချုပ်နယ်မြေဖြစ်ပြီး ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နှင့် အစိုးရ တပ်တို့ (၂)နှစ်ကျော်ကြာ တိုက်ပွဲများဖြစ်ပွားခဲ့မှုကြောင့် နယ်မြေမအေးချမ်းသော အခြေအနေတွင် ရှိခဲ့ သည်။ ယခုအခါ KIA မှ ၎င်းမြို့၌ ရဲစခန်းဖွင့်လှစ်ပြီး ကိုယ်ပိုင်ဥပဒေဖြင့် ကိုယ်ပိုင်အုပ်ချုပ်မှုသည် နိုင် ငံတော် အစိုးရ၏ တရားဝင်ဥပဒေများအား ဆန့်ကျင်ချိုးဖောက်နေခြင်းသာဖြစ်သည်။ သို့ဖြစ်၍ KIA အဖွဲ့ အနေဖြင့် အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့များနှင့် ငြိမ်းချမ်းရေးတွေ့ ဆုံဆွေးနွေးမှု များပြု လုပ်ချိန်တွင် ယခုကဲ့သို့ ဥပဒေမဲ့လုပ်ရပ်များကို ပွင့်လင်းစွာ ၀န်ခံဆွေးနွေးရန် လိုအပ်ကြောင်း တရုတ်- မြန်မာ နယ်စပ်ရှိ ကချင်အရေး လေ့လာသူများအဖွဲ့၏ ပြောပြချက်အရ သိရှိရပါသည်။
Kachin Daily News

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်