သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Wednesday 10 April 2013

တရုတ်နိုင်ငံ ကန်ရှီမင်းဆက် လက်ထက်မှ ပန်းကန်လုံး တစ်လုံးအား အမေရိကန် ဒေါ်လာ ၉ ဒသမ ၅ သန်းဖြင့် စံချိန်တင် ရောင်းချနိုင်ခဲ့

တရုတ်နိုင်ငံ ကန်ရှီမင်းဆက် လက်ထက်မှ ပန်းကန်လုံး တစ်လုံးအား အမေရိကန် ဒေါ်လာ ၉ ဒသမ ၅ သန်းဖြင့် စံချိန်တင် ရောင်းချနိုင်ခဲ့

တရုတ်နိုင်ငံ ကန်ရှီမင်း လက်ထက်က အသုံးပြုခဲ့သည့် ကြာပန်းပုံစံများ ရေးဆွဲထားသော အနီရောင် ပန်းကန်လုံးတစ်လုံးကို ဧပြီ ၈ ရက်က အမေရိကန် ဒေါ်လာ ၉ ဒသမ ၅ သန်းဖြင့်
စံချိန် တင် ရောင်းချ နိုင်ခဲ့ကြောင်း သိရသည်။ ကမ္ဘာကျော် လေလံ ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Sotheby's ကုမ္ပဏီ၏ ငါးရက်ကြာ ပြုလုပ်သော နွေဦးရာသီ လေလံတင်ပွဲ၏ နောက်ဆုံး နေ့တွင် ယင်းပန်းကန် လုံးအား ဟောင်ကောင် ကြွေထည်မြေထည် ကုန်သည် တစ်ဦးဖြစ်သူ ဝီလီယံ ချက်ခ်က ဝယ်ယူခဲ့ခြင်းဖြစ်သည်။

၁၆၆၂ ခုနှစ်မှ ၁၇၂၂ ခုနှစ် ကန်ရှီမင်းဆက် ကာလအတွင်းက အသုံးပြုခဲ့သော ယင်းပန်းကန် လုံးကို ဒေါ်လာ ၉ ဒမသ ၅ သန်းဖြင့် ရောင်းချ နိုင်ခဲ့ကြောင်းနှင့် ယခုရောင်းချရမှု နှုန်းသည် လွန်ခဲ့သည့် ဆယ်စုနှစ် သုံးခုက ပေးခဲ့သည့် ဈေးနှုန်းထက် အဆ ၁၄ဝ ကျော် များကြောင်း သိရသည်။
ယင်းကဲ့သို့ လေလံတင် ရောင်းချရမှု ဈေးနှုန်းသည် ဈေးကွက်၌ ထိပ်ဆုံး၌ ရှိနေပြီး လေလံပွဲသို့ ပြည်ပနှင့် တရုတ်နိုင်ငံမှ လေလံဆွဲသူ ၄ဝဝကျော် တက်ရောက်ခဲ့ကြောင်း တရုတ် ကြွေထည် မြေ ထည်နှင့် အနုပညာ လက်ရာဆိုင်ရာ နိုင်ငံတကာ အဖွဲ့အကြီးအကဲ တစ်ဦးဖြစ်ပြီး Sotheby's Asia အဖွဲ့၏ ဒုတိယ ဥက္ကဋ္ဌ ဖြစ်သူ နီကိုလက်စ်ချောင်က ပြောကြားခဲ့သည်။
 http://www.blogger.com

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်