သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Wednesday 10 April 2013

ထူးထူးခြားခြား အလွန် သေးငယ်သော ကြက်ဥ

ထူးထူးခြားခြား အလွန် သေးငယ်သော ကြက်ဥ
ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ် ကျုံဒိုးမြို့၌ ဧပြီ ၆ ရက်က ကြက်ဥသည် ငုံးဥ အရွယ်ထက် နှစ်ချိုး တစ်ချိုး အရွယ်သာ ရှိသည့် ကြက်ဥ ရှိကြောင်း သိရ၍ စာရေးသူ ကိုယ်တိုင် သွားရောက် ကြည့်ရှု ခဲ့သည်။

အဆိုပါ ကြက်ဥကို ကျုံဒိုးမြို့ အမှတ် (၁) ရပ်ကွက် ပေါ်တော်မူ ဘုရားရှေ့ ဥတ္တရလမ်း နေအိမ်အမှတ် (၉၈) ဦးမြင့်သိန်း (ခ) ဦးရွှေခင် နေအိမ်၌ ကြက်နှင့် ဘဲများ မွေးမြူထားရာ ဧပြီ ၆ ရက်က ကြက်မ တစ်ကောင်မှ လေး လုံးမြောက် ဥပြီးနောက် နောက်တစ်ရက်တွင် နှစ်လုံးဥရာ တစ်ဥသည် အမြုတေလုံး ဖြစ်ပြီး ငုံးဥ အရွယ်ထက် ပင် သေးငယ်သော ကြက်ဥအဖြစ် တွေ့ရသည်။
ယင်း ကြက်ဥသည် ဆယ်ပြားစေ့နှင့် တိုင်းပါက အရွယ်အစား တူညီလျက် ရှိသည်။ အရွယ်အစား အားဖြင့် အလွန် သေးငယ်သည့် အတွက်ကြောင့် မတွေ့မမြင် ဖူးသူများ တအံ့တသြ လာရောက် ကြည့်ရှုလျက် ရှိကြောင်း သိရသည်။           
နိုင်နိုင်ထွန်း (ကျုံဒိုး)
 http://www.myawady.net.mm

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်