သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Saturday 13 April 2013

လက်ပံတောင်းတောင် ဒေသခံတွေ သင်္ကြန်ဆင်နွှဲ


Saturday, 13 April 2013

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို အကောင်အထည်ဖေါ်လုပ်ဆောင်
နေတဲ့ တရုတ်ဝမ်ပေါင်ကုမ္ပဏီနဲ့ ဦးပိုင်ကုမ္ပဏီတို့ကို မုန်းတီးလို့မဟုတ်ပဲ၊
ဒေသတွင်းငြိမ်းချမ်းရေးအတွက်သာ စီမံကိန်းဖျက်သိမ်းပေးဖို့ တောင်း
ဆိုတာဖြစ်ကြောင်း လက်ပံတောင်းဒေသ သင်္ကြန်သံချပ်အဖွဲ့တွေက ဒီကနေ့ သင်္ကြန်အကြိုနေ့မှာ ဟစ်ကြွေးသီဆိုခဲ့ကြပါတယ်။


သင်္ကြန်ကြိုဆိုတဲ့ အခမ်းအနားကို လက်ပံတောင်းတောင်ဒေသ တုံရွာမှာ ဒီနေ့ဖွင့်လှစ်ခဲ့ပြီး သံချပ်အဖွဲ့ ၄ ဖွဲ့က သီဆိုဖျော်ဖြေခဲ့ကြတာပါ။ သံချပ်
အဖွဲ့တွေရဲ့ ဖျော်ဖြေမှုတွေနဲ့ ပတ်သက်ပြီး တုံရွာဒေသခံ ဦးဝင်းမင်းအောင်
က RFA ကို အခုလို ပြောပါတယ်၊

"မြန်မာ့ရိုးရာသင်္ကြန်မှာ သံချပ်တွေပေါ့၊ လက်ပံတောင်းတောင် ကြေးနီ
စီမံကိန်းအတွက် ကျနော်တို့တောင်းဆိုထားတဲ့ သံချပ်တွေပေါ့နော်၊ ကျနော်တို့ တုံရွာအနေနဲ့တော့ ကျနော်တို့ဒေသက တရုတ်လူမျိုးတွေကို
မုန်းတာ မဟုတ်ပါဘူး၊ တရုတ်လူမျိုးတွေကို ကျနော်တို့က နှိမ်ချတာ မဟုတ်ပါဘူး၊ ကျနော်တို့ဒေသရဲ့ ငြိမ်းချမ်းရေးအတွက် တရုတ်ကုမ္ပဏီတွေ ထွက်ပေးဖို့ပါ၊ ဦးပိုင်ကို မမုန်းတဲ့အကြောင်း၊ ဦးပိုင်ကို နောက်ဆုတ်ပေးဖို့ပါ၊ ဘာကြောင့်လဲဆိုရင် လက်ပံတောင်းတောင်ကြီးရှိမှ ကျနော်တို့ဒေသမှာ စိတ်ချမ်းသာနေရတဲ့အကြောင်းကို ကျနော်တို့ဖွဲ့ဆိုထားတာပါ၊"

ဒီကနေ့ကနေ နှစ်ဆန်း ၁ ရက်နေ့အထိ သံချပ်နဲ့ ယိမ်းအကအဖွဲ့တွေ မနက်တစ်ကြိမ် ညနေတစ်ကြိမ် ကပြဖျော်ဖြေကြမှာဖြစ်ပြီး သင်္ကြန်သံချပ် စာသားတချို့နဲ့ သီချင်းစာသားတွေကို ကျေးရွာအုပ်ချုပ်ရေးမှူးတွေဆီမှာ ကြိုတင်ခွင့်ပြုချက်ရယူခဲ့ကြပါတယ်။

ဒီအခမ်းအနားကို တုံရွာ၊ ရွာသစ်၊ တောကျောင်း၊ အလယ်ရွာစတဲ့ ကျေးရွာ
ပေါင်း ၇ ရွာက ဒေသခံရွာသား ၅ဝဝ ကျော် တက်ရောက်ခဲ့ကြတယ်
လို့လည်း သိရပါတယ်။

RFA Burmese

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်