သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Tuesday 9 April 2013

မြောက်ကိုရီးယားနဲ့စစ်ရေးအခြေအနေ ( သုံးသပ်ချက် )


 မြောက်ကိုရီးယား ဟာ
လက်ရှိနိုင်ငံရေး အခက်အခဲတွေကို နောက်ဆုံးဖြေရှင်းတဲ့ အခြေအနေကို Poker ဖဲသဘောနဲ့ ပြောရင် low hand နဲ့ all in လုပ်တဲ့ သဘောလို့ ဆိုရမယ်ထင်တယ်။
အရင်က သူရဲ့ ကျောထောက်နောက်ခံဖြစ်တဲ့ တရုတ်ကြီးဟာ တချိန်က ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ မက်လုံးတွေနဲ့ အတူ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ချမှတ်တဲ့ အရေးယူပိတ်ဆို့မှုတွေကို ကာကွယ်ပေးနေပေမဲ့
ကျန်ခဲ့တဲ့ (failed) satellite launch. စမ်းသပ်မှု လုပ်ပြီးနောက်ပိုင်း တရုတ်ကြီး စိတ်ကောက်သွားကာ သူ့မွေးတဲ့ မျောက်ကို သူမနိုင်တော့လို UN ရဲ့ ချမှတ်ချက်တွေကို သဘောတူလာရာကနေ မြောက်ကိုရီးယား နိုင်ငံဟာ မလှုပ်သာမလူးသာ အကျပ်အတည်းတွေ့နေတာဖြစ်တယ်။


မေလ ၆ရက် ၂၀၁၂ မှာ မြောက်ကိုရီးယားက သူရဲ့ နူကလီးယား စမ်းသပ်မှုတွေကို ပြန်လည်အကောင်အထည်ဖော်မယ်လို့ ကြေညာလိုက်တာနဲ့ အတူ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာလဲ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်လာကြတာတွေ့ရတယ်။


မြောက်နဲ့တောင် ကိုရီးယား နှစ်ဖက်လုံးက နှစ်နိုင်ငံ ပေါင်းစည်းဖို့ထက် တနိုင်ငံက နိုင်ငံ ထိန်းချုပ်ဖို့ ကြိုးစားကြကာ နှစ်ဖက်ခေါင်းဆောင်သစ်တွေကလ
ဲ သူတို့ရဲ့ နိုင်ငံရေး စစ်ရေး စွမ်းအားကို သက်သေပြချင်နေကြတာဖြစ်တဲ့ အချိန်လို့မြင်တယ်။
တောင်ကိုရီးယားဟာ highly sophisticated military ဖြစ်သလို အမေရီကန်လို အင်အားကြီးမားတဲ့ နိုင်ငံနဲ့လဲ မဟာမိတ်ဖြစ်တယ်။ဒါပေမဲ့ မြောက်ကိုရီးယားဟာလဲ one of the most militarized nations on Earth ဆိုတာ မမေ့ဖို့လိုတယ်။

တရုတ်ကြီးကလဲ ပေါင်းစည်းဖို့ထက် မြောက်ကိုရီးယားကို ပြုပြင်ပြောင်းလဲပြီး လက်ရှိအတိုင်း ရပ်တည်နေစေချင်ပုံပဲ ဒါကြောင့်လဲ အတော်လေးကာကွယ်ပြီးထောက်ပံခဲ့ပုံရပါတယ် ။

ဒါပေမဲ့ နူ လက်နက် စမ်းသပ်အောင်မြင်သွားတဲ့ အခါ တရုတ်ကြီးပါ ဒေသတွင်း အန္တရာယ်ကို စိုးရိမ်တတ်လာပြီး UNနဲ့ အနောက်နိုင်ငံတွေ ဘက် ပါလာတဲ့ အတွက် မြောက်ကိုရီးယားအနေနဲ့အတော်လေး ကျပ်တည်းလာစေတယ် ။

နိုင်ငံတွင်းမှာလဲ ခေါင်းဆောင်သစ်ဖြစ်တဲ့ ကင်ဂျုံအွန်းဟာ ပါတီတွင်း ဗဟိုကော်မတီဝင်တွေကို ပြောင်းအလဲလုပ်ကာ ပါတီတွင်း အာဏာတည်ဆောက်လာပြီး ။ပြည်သူတွေရဲ့ ယုံကြည်မှုကို ရဖို့ နဲ့ ခေါင်းဆောင်မှုစွမ်းရေးကို ပြဖို့ လိုအပ်နေတဲ့ အချိန်လဲဖြစ်တယ် ။
အစိုးရနဲ့ ပါတီအတွင်း အပြောင်းအလဲတွေမှ စစ်တပ်ရဲ့ အခန်း ကဏ္ဏကိုလဲ လျော့ချလာတာတွေ့ရတယ် ။

အထူးသဖြင့် ၂၀၁၀ နှစ်ဆန်းပိုင်းက ချ မှတ်ခဲ့တဲ့ စီပွားရေးဆိုင်ရာ ပေါ်လစီအပေါ် ပါတီနဲ့ စစ်တပ်တို့ သဘောထားကွဲလွဲမှု တွေရှိခဲ့ပြီး ၊ ဒီကွဲလွဲမှုတွေဟာ ခေါင်းဆောင်သစ်ကို အကြပ်ရိုက်စေခဲ့တယ်။ဒါကြောင့် စစ်တပ်ရဲ့ သြဇာလွမ်းမိုးမှုကို ကျော်လွှားဖို့နဲ့ ပြည်သူတွေ ဆီက ခေါင်းဆောင် အသစ်အပေါ် ယုံကြည်မှုကိုရဖို့ အထူးလိုအပ်နေတဲ့ အချိန်ဖြစ်နေတယ်

နောက်ဆုံးပြုလုပ်ခဲ့တဲ့ ဗဟိုအစည်းအဝေးမှာ နိုင်ငံရဲ့ စီးပွားရေးကို စနစ်တကျပြုပြင်ပြောင်းလဲမှု လုပ်ဖို့
မူဝါဒ အသစ်တွေ အပြင် ။ နုလက်နက် တွေ ကိုအဆင့်မြင့်ဖို့ အစီအစဉ်တွေလဲထုတ်ပြန်ကြေညာခဲ့တယ် ။

ဗဟိုအစိုးရအသစ်အနေနဲ့ ချမှတ်ထားတဲ့ မူဝါဒအသစ်တွေကို အကောင်အထည်ဖော်ဖို့ ဘဏ္ဏာရေး အခက်အခဲနဲ့ နိုင်ငံတကာရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ဖြေလျော့နိုင်ဖို့ လိုအပ်နေတာဖြစ်တယ်။

ဒီလို အကျပ်အတည်းကို ဖြေရှင်းဖို့ တခုတည်းသောနည်းက လက်တလော ပူးပူးနွေးနွေး စမ်းသပ်အောင်မြင်လိုက်တဲ့ နူကလီးယား လက်နက်နဲ့ ခြိမ်းခြောက်ပြီး နိုင်ငံတကာနဲ့ ဆွေးနွေးမဲ့ စားပွဲဝိုင်းပေါ်မှာ advantage
ရအောင်လုပ်ယူနေတာလို့ မြင်တယ်။

အမေရိကန်ကို တိုက်မယ်ကြွေးကျော်ပေမဲ့ မြောက်ကိုရီယားမှာရှိတဲ့ နူ လက်နက် ဟာ ၁၀ ဂဏန်းလောက်ပါ ဒါတောင် ဒုံးပျံမှာ တပ်ဆင်ပီး ပစ်ခတ်မစမ်းသပ်ရသေးပါဘူး ။အမေရိကန်မှာ စမ်းသပ်ပြီး ကောင်းစွာပစ်ခတ် အလုပ်လုပ်နိုင်တဲ့ နူ က ၄၅၆၀ လုံးအဆင်သင့်ရှိပါတယ် ။ဆင်နဲ့ ဆိတ်မက ကွာနဲ့ အနေအထားဆိုတာ လူတိုင်းသိတဲ့ ကိစ္စဖြစ်တယ် ။ မြောက်ကိုရီးယားရဲ့ ဒုံးလက်နက်တွေဟာ အမေရိကန် မိန်းလန်းတွေကို ရောက်အောင်လောက်ထိ စွမ်းရည်မရှိသလို လေယာဉ်နဲ့သယ်ပြီး ဗုံးသွားကြဲဖို့ဆိုတာလဲ ဖြစ်နိုင်စရာအကြောင်းမရှိဘူးပါ ။ သူပြဿနာရှာနိုင်ရင် ဒေသတွင်းလောက်သာ ပတ်ပြဿနာရှာနိုင်ပါတယ် ။

တကယ်တမ်းဖြစ်လာခဲ့ရင် အမေရိကန်အနေနဲ့ အချိန် ၃ရက်မကြာပဲ မြောက်ကိုရီးယားကို ပြုတ်ပြုတ်ပြုန်းအောင် တိုက်နိုင်ပါတယ်။ဒါဆိုဘာကြောင့် မြောက်ကိုရီးယားက အမေရိကန်ကို စိန်ခေါ်ရဲတာပါလဲ… အဖြေကရှင်းပါတယ် ထောက်ကင်း ရှိနေလို့ပါ။ အဲ့ဓီထောက်ထားတဲ့ ကင်းဟာ အနီးနားက တောင်ကိုရီးယားနဲ့ ဂျပန်ပါ။

တကယ်တမ်းဖြစ်ကြရင် မြောက်ကိုရီးယားက ဆုံးရှုံးစရာ သိပ်မရှိပေမဲ့ တောင်ကိုရီးယားဟာ မြောက်ကိုရီယားထက် လူဦးရေ ၂ဆ ရှိသလို ဖွံ့ဖြိုးမှုမှာလဲ အဆ ၄၀ ကွာပါတယ် ။တောင်ကိုရီးယားရဲ့ လူဦးရေ သန်း ၅၀ ထက်ဝက်ဟာ မြောက်ကိုရီးယား နိုင်ငံနဲ့ လေယာဉ် ၃ မိနစ် ခရီးလောက်မှာ နေထိုင်ကြတာဖြစ်သလို တောင်ကိုရီးယား မြို့တော် ဆိုးလ်ဟာလဲ မိုင် ၃၀ သာဝေးပါတယ် ။ မြောက်ကိုရီးယား မြို့တော် ပြုံယမ်း ဟာ နှစ်နိုင်ငံနယ်နိမိတ်နဲ့ မိုင် ၇၀ သာဝေးပါတယ် ။

ဒါကြောင့်မို့ တကယ် စစ်ပွဲသာဖြစ်ခဲ့ရင် တောင်ကိုရီးယားအတွက် နစ်နာ ဆုံးရှုးံမှုက အတော်ကြီးမှာဖြစ်သလို လူသန်းပေါင်းများစွာ အသက် စတေးရမှာဖြစ်ပါတယ် ။အထူးသဖြင့် ကမ္ဘာနိုင်ငံတွေပါ စီးပွားရေး အကျပ်အတည်း ပြဿနာနဲ့ ရင်ဆိုင်ရမှာဖြစ်တယ် ။
ဒါတွေကို သိတဲ့ မြောက်ကိုရီးယားဟာ ဒီအချက်တွေကို ဝင့်ဝင့်ထည်ထည် အသုံးပြုကာ နိုင်ငံရေး ကစားလာတာလို့မြင်ပါတယ် ။

ဒီကစားကွက်ဟာ မြောက်ကိုရီးယားအတွက် အရူံးနဲ့ အနိုင် အရဲစွန့်ကစားရတဲ့ low hand နဲ့ all in ပွဲဖြစ်ပြီး ။ ဒီဟာရဲ့ တဖက်မှာ မြောက်ကိုရီးယားရဲ့ နိုင်ငံရေး ပြောင်းလဲမှု အတွက် ကွေ့တခုဖြစ်လာလိမ့်မယ်လို့ ကျွန်တော့အနေနဲ့ သုံးသပ်မိတယ်ဗျ ။
နောက်တချက်အနေနဲ့ မြောက်ကိုရီးယားဟာ တကယ်တန်းစစ်ဖြစ်ချင်ရင် သူရဲ့ အမေရိကန်ကို တိုက်ခိုက်မဲ့ “U.S. Mainland Strike Plan” တွေ မီဒီယာ ပေါ်ရောက်လာစရာအကြောင်းရှိပမလား တွေးနေမိတယ် ။

ဒါပေမဲ့ ကျွန်တော့် ဖေဖေ ဆုံးမဖူးတာ တခုတော့ရှိတယ် ။ ဘဝမှာ ဘာမှမျော်လင့်ချက်မရှိတော့ပဲ လောကကြီးကို နာကျည်းနေတဲ့ လူတယောက်နဲ့တော့ ပြဿနာဖက်မဖြစ်နဲ့တဲ့ သူ့ကိုယ်သူ သေမထူးနေမထူးလို့ သက်မှတ်ထားပြီး ငါတို့လဲသေ အားလုံးလဲ ပျက်စီးဆိုတဲ့ မူနဲ့ လုပ်ရင်တော့ မပြောတတ်ဘူးဗျာ :(

ကျွန်တော် အားလုံးကို လိုက်မဖတ်နိုင်လို့ ကျွန်တော် မမြင်တဲ့ အချက်အလက်များရှိရင်လဲ သူငယ်ချင်းတို့ရဲ့ အမြင်လေးတွေကို ဆွေးနွေးပေးပါဦး...

အညတရ မင်းဆရာ
https://www.facebook.com/photo.php?fbid=555842217783306&set=a.547164798651048.1073741826.547154105318784&type=3&theater

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်