သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Sunday 14 April 2013

Facebook ကြောင့်၂၄ နာရီအတွင်း ဖော်ထုတ်နိုင်တဲ့ ရန်ကုန်လူသတ်မှု


ကြာသပတေးနေ့က ဖြစ်ပွားခဲ့တဲ့ ရန်ကုန်မြို့က လူသတ်မှုတခုမှာ သေဆုံး တဲ့အမျိုးသမီး ဘယ်သူဘယ်ဝါ ဆိုတာ ကို ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်လို့မ ရ ဖြစ်ခဲ့ပါတယ်။
လမ်းမတော်မြို့နယ်က MGM ဟိုတယ် မှာ ဖြစ်ပွားခဲ့တဲ့အမှုပါ။ ဟိုတယ်က သေဆုံးတဲ့ဧည့်သည်ရဲ့ မှတ်ပုံ တင်ကို မှတ်တမ်း တင်ခဲ့ခြင်းမရှိတဲ့အတွက် စုံစမ်းရခက်သွားတဲ့သဘောပါ။
ရဲအရာရှိက သေဆုံးသူရဲ့ ဓာတ်ပုံကို Facebook မှာ တင်လိုက်ရာ မှာတော့ သေဆုံးသူ ဘယ်သူဖြစ်တယ် ဆိုတာကို ဖော်ထုတ်နိုင်ခဲ့တယ်၊ ဒါ့အပြင် လူသတ်သမားအဖြစ် သံသယရှိသူကိုပါ ဖော်ထုတ်နိုင်ခဲ့ပါတယ် 
တဲ့။ ၂၄ နာရီအတွင်း ဒီ ၂ ခုကို ဖော်ထုတ်နိုင်ခဲ့တာပါ တဲ့။ 
အရပ်သားအစိုးရလက်ထက် အင်တာနက် မြန်နှုန်းတိုးတက်လာတာနဲ့အမျှ Facebook အသုံးပြုမှု ပိုမို တွင် ကျယ် လာတဲ့ အကျိုးကျေးဇူးတခု ဖြစ်ပါတယ်။
ဒီဖြစ်ရပ်ဟာ မြန်မာပြည်မှာ Facebook ကျေးဇူးကြောင့် လူသတ်မှုကို ပထမ ဆုံး ဖော်ထုတ်နိုင်ခဲ့တဲ့အမှု ဖြစ်ပါ တယ်။
ဒါကြောင့် ရဲတပ်ဖွဲ့က အမှုလိုက်ရာမှာ အင်တာနက်ကို အရင်ကထက် ပိုပြီး အသုံးပြုလာဖွယ်ရှိပါတယ်။
MGM ဟိုတယ် လူသတ်မှု ဘာကြောင့် ဖြစ်ပွားရတယ် ဆိုတဲ့ အကြောင်းရင်း ကို မသိရပါဘူး။
ဧည့်သည်ရဲ့ မှတ်ပုံတင်ကို မှတ်တမ်းတင်ခဲ့ခြင်းမရှိတဲ့ MGM ဟိုတယ်ကို ရဲတပ်ဖွဲ့က အရေးယူမယ်လို့ ဆို တယ်။ဒဏ်ရိုက်တဲ့ အရေးယူမှုမျိုးဖြစ် မယ်လို့ ယူဆရပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်ကတော့ ဒီဟိုတယ်က လိမ်လည်မှုကျူးလွန်မယ့် နိုင်ငံခြား သား ၂ ဦးကို ရဲလက် အပ်နိုင်ခဲ့ပါ တယ်။ ကင်မရွန်း နိုင်ငံသား ဘောလုံးသမား ၂ ဦးက ဒေါ်လာအတု လုပ်ပေးမယ် ဆိုပြီး ရန်ကုန်မှာ ဈေး ကွက် ရှာနေတုန်း အဖမ်းခံရတဲ့အမှု ဖြစ်ပါတယ်။
ဒီနေ့ထုတ် ကြေးမုံသတင်းစာမှာ တွေ့ရတဲ့ မူရင်းသတင်းကို ကူးယူဖော်ပြပေးလိုက်ပါတယ်။ 
ဧရာဝတီ-အောက်ပို့ စစ်အိုင်း>>>

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်