သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Wednesday 17 April 2013

"မြန်မာနှစ်သစ်ကူး ဆုတောင်း"


အားလုံးပဲ မင်္ဂလာပါ။ နှစ်သစ်မင်္ဂလာ နေ့ရက်အခါ၌ မိခင်၊ဖခင်ကျေးဇူးရှင်၊ ဆရာသမား၊ ဆွေးမျိုးညီအစ်ကိုမောင်နှမများ၊ အပေါင်းအသင်း သူငယ်ချင်းမိတ်ဆွေများ၊ သာသနာတော်ကို ပစ္စည်းလေးပါးထောက်ပံ့လှူဒါန်းကြကုန်သော ပစ္စည်းလေးပါး ဒါယကာ ဒါယိကာမများ၊ နိုင်ငံအသီးသီးမှာရောက်ရှိနေထိုင်ကြကုန်သောဗုဒ္ဓဘာသာဝင်သူတော်စင်များ၊ အမိမြန်မာနိုင်ငံတော်မှ အားလုံးသော ဗုဒ္ဓဘာသာဝင်သူတော်စင်များ၊ ဦးဇင်းဘလော့သို့လာရောက်အားပေးဖတ်ရှုကြကုန်သော ဓမ္မမိတ်ဆွေများနှင့် အရပ်လေးမျက်နှာ၊ အရပ်ရှစ်မျက်နှာ၊ အရပ်ဆယ်မျက်နှာ အနန္တစကြာဝဠာမှာ ရှိကြကုန်သော ပုဂ္ဂိုလ် သတ္တဝါအားလုံးတို့၏ အိမ်တွင်း အိမ်ပနှစ်ဌာန၊ ကိုယ်တွင်းကိုယ်ပ နှစ်ဌာနတို့၌ ကျရောက်တတ်သော ဘေးအမျိုးမျိုး၊ ဒဏ်အမျိုးမျိုး၊ ရန်အမျိုးမျိုး၊ အန္တရာယ်အမျိုးမျိုး၊ ရောဂါအမျိုးမျိုး၊ ကပ်အမျိုးမျိုးဟုဆိုအပ်သော မကောင်းအနိဋ္ဌဟူသမျှကင်းစင်လွင့်ပျောက်၍..


 ကောင်းမြတ်အလိုရှိသော အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်း၊ ဥာဏ်ပညာကြီးခြင်း၊ ဘုန်းတန်ခိုးအာနုဘော်ကြီးခြင်း၊ မရသေးသော သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်ဟုဆိုအပ်သော လောကုတ္တရာကောင်းကျိုးချမ်းသာအဖြာဖြာ သမ္ပတ္တိတို့သည် ဖြစ်ပေါ်ရရှိလာအောင်ကျင့်ကြံနိုင်ခြင်း၊ ရရှိပြီးသော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်ဟုဆိုအပ်သော လောကုတ္တရာကောင်းကျိုးချမ်းသာ အဖြာဖြာသမ္ပတ္တိတို့သည် အကျိတ်အခဲအမြဲတည်၍ ကြီးပွားတိုးတက်အောင်ဆောင်ရွတ်နိုင်ခြင်း၊ မရရှိသေးသော ရာထူး၊ ဂုဏ်သိမ်၊ စည်းစိမ်ဥစ္စာရတနာတည်းဟူသော လောကီကောင်းကျိုးချမ်းသာ အဖြာဖြာသမ္ပတ္တိတို့ကိုရရှိခြင်း၊ ရရှိပြီးသော ရာထူးဂုဏ်သိမ် စည်းစိမ်ဥစ္စာရတနာအပေါင်းတို့သည် အကြိမ်အခဲအမြဲတည်ခြင်း၊ ကြီးပွားတိုးတက်ခြင်းစသော ကောင်းကျိုးချမ်းသာ မင်္ဂလာတရားတို့နှင့်ပြည့်စုံ၍..

မိမိသဏ္ဌာန်တွင် ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားများကို ပယ်စွန့်နိုင်ခြင်းဆိုတဲ့ သမ္မပ္ပဓာန်လုံ့လ၊ မဖြစ်ပေါ်သေးသော အကုသိုလ်တရားများကို ဖြစ်ပေါ်ခွင့်မရအောင် ကျင့်ကြံနိုင်အားထုတ်နိုင်ခြင်းလို့ခေါ်တဲ့သမ္ပပ္ပဓာန်လုံ့လ၊ မိမိတို့သဏ္ဌာန်ဝယ် မဖြစ်ပေါ်သေးသော ကုသိုလ်တရားများကို ဖြစ်ပေါ်ရရှိအောင် ကျင့်ကြံနိုင်တဲ့ သမ္မပ္ပဓာန်လုံ့လ၊ ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားများ ကြီးပွားတိုးတက်အောင် ကျင့်ကြံနိုင်ခြင်းလို့ခေါ်တဲ့ သမ္မပ္ပဓာန်လုံ့လ၊ ဆိုခဲ့ပြီးသော သမ္မပ္ပဓာန်တရားလေးပါးတို့ကို အညီအမျှလက်ကိုင်ထားကာဖြင့် ဆင်းရဲခြင်းအမှန်တရားဖြစ်တဲ့ ဒုက္ခသစ္စာကို ပိုင်းခြားသိမြင်ခြင်း( ပရိညာတဗ္ဗကိစ္စ)၊ ထိုဒုက္ခသစ္စာဖြစ်ကြောင်း တဏှာ(လောဘ)တည်းဟူသော သမုဒယသစ္စာကို ပယ်ခွာခြင်း(ပဟာတဗ္ဗကိစ္စ)၊ ထိုဒုက္ခသစ္စာ(ဆင်းရဲခြင်းအမှန်တရား)၊ သမုဒယသစ္စာ(ဆင်းရဲကြောင်းအမှန်တရား) တို့၏ ချုပ်ငြိမ်းရုပ်သိမ်းရာ နိဗ္ဗာန်တည်းဟူသော နိရောဓသစ္စာကို မျက်မှောက်ပြုခြင်း(သစ္ဆိကာတဗ္ဗကိစ္စ)၊ ထိုဒုက္ခသစ္စာ(ဆင်းရဲခြင်းအမှန်တရား)၊ သမုဒယသစ္စာ(ဆင်းရဲကြောင်းအမှန်တရား) တို့၏ချုပ်ငြိမ်းရာနိဗ္ဗာန်တည်းဟူသော နိရောဓသစ္စာကို မျက်မှောက်ပြုရန် အကျင့်ကောင်းအကျင့်မှန်ဖြစ်သောမဂ္ဂသစ္စာကိုပွားများခြင်း(ဘာဝေတဗ္ဗကိစ္စ) တည်းဟူသော မဂ်ကိစ္စလေးချက် တပြိုင်နက်ဖြစ်ကြကုန်လျက်  ဒုက္ခခပ်သိမ်းချုပ်ငြိမ်း ကိလေသာခပ်သိမ်းငြိမ်းအေးရာဖြစ်သော နိဗ္ဗာန်တရားတော်မြတ်ကို အရဟတ္တဖိုလ်ပေါက် ကိုယ်စီကိုယ်ငှ မျက်မှောက်ပြုနိုင်ကြပါစေဟူ၍ ဆုတောင်းလိုက်ရပါသည်။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
 http://www.wiradhamma.com/

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်