သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Tuesday 16 April 2013

သြဇာအရှိဆုံး ပုဂ္ဂိုလ် အဖြစ် လေဒီဂါဂါနှင့် ယှဉ်ပြိုင်နေသည့် ဒေါ်အောင်ဆန်းစုကြည်

ယခုနှစ် ဧပြီလ ထူးခြား ဖြစ်စဉ်များ အတွင်း ထူးခြားဖြစ်စဉ် အနေဖြင့် ကမ္ဘာပေါ်တွင် လူများအပေါ် သြဇာ အညောင်းဆုံး ပုဂ္ဂိုလ်ရွေးချယ်မှုပွဲကြီး Time ၀က်ဆိုဒ်မှ ပြုလုပ်ခဲ့ရာ နောက်ဆုံး ဖိုင်နယ်အဖြစ် ကမ္ဘာကျော် အဆိုတော် လေဒီဂါဂါနှင့် မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည်တို့ ယှဉ်ပြိုင်လျှက် ရှိသည်။

ကမ္ဘာသြဇာ အရှိဆုံး ပုဂ္ဂိုလ်အဖြစ် ပြိုင်ဆိုင်နေတဲ့ လေဒီဂါဂါဟာ ၁၉၈၆ ခုနှစ် မတ်လ ၂၈ ရက်မှာ မွေးဖွားပြီး အခုဆိုရင် အသက် ၂၇ နှစ် အရွယ်ဖြစ်ပါတယ်။ သူမဟာ အသက်အရွယ်နဲ့ မလိုက်အောင် ကမ္ဘာတစ်ဝန်း ပရိ သတ်များ အကြား ရေပန်းအစားဆုံး အဆိုတော် တစ်ဦးဖြစ်ကာ ဆန်းဆန်းပြားပြား ၀တ်စုံများ ဖန်တီးရာတွင် တော့ သူမကို လိုက်မှီသူ မရှိပါဘူး။ သူမရဲ့ ဂုဏ်ပုဒ်များ အနေဖြင့် အမေရိကန် အဆိုတော်၊ သီချင်းရေးဆရာ၊ အယ်လ်ဘမ် ထုတ်လုပ်သူ၊ အကသမား၊ လှုပ်ရှားတက်ကြွသူ၊ စီးပွားရေး သမား၊ ဖက်ရှင် ဒီဇိုင်နာ၊ သရုပ် ဆောင်နဲ့ အလှူအတန်း ရက်ရောသူ အနေဖြင့် အမျိုးအစားစုံလှပါတယ်။ သူမ၏ ကိုယ်ပိုင် ကြိုးစားအား ထုတ်မှု များမှ လှူဒါန်းမှုများသာမက စိတ်ကူးသစ်များဖြင့်လည်း အလှူဒါနများကို ပြုလုပ်နိုင်သူ ဖြစ်ပါတယ်။ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်အတွင်း ဂျပန် ဆူနာမီ အပြီး သုံးလအကြာ သူမသွားရောက် ခဲ့စဉ်က သူမ သောက်ခဲ့တဲ့ နှုတ်ခမ်းနီ ရာပေနေတဲ့ လဘက်ရည် ပန်းကန်ကို လေလံတင် ရောင်းချရာမှာ ဂျပန် ယန်း ၆ ၀၁၁ ၀၀၀ ရရှိခဲ့ပါတယ်။

ယခုယှဉ်ပြိုင်တဲ့ ပွဲတွင် သူမရဲ့ အကြောင်းကို ဖော်ပြရာတွင်တော့ ပေါ့စတား လေဒီဂါဂါဟာ ကိုယ်တိုင် ဖန်တီး ကြိုးစားအားထုတ်မှုကြောင့် ဂရမ်မီဆု ၅ ဆု ပိုင်ဆိုင်ထားသူဖြစ်ပြီး သူမရဲ့ ပရိသတ်များကတော့ ၃၅ သန်းကျော် ရှိပါသတဲ့။ ဒါအပြင် သူရဲ့ ပရိတ်သတ်များဟာလည်း ကမ္ဘာပေါ်မှာ သစ္စာအရှိဆုံး ပရိသတ်များ ဖြစ်ပါသတဲ့။

လေဒီဂါဂါနှင့် အပြိုင် ယှဉ်ပြိုင်နေတဲ့ မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည်ကတော့ ၁၉၄၅ ဇွန်လ ၁၉မှာ မွေးဖွားခဲ့ပြီး အသက် ၆၇ နှစ် ရှိပြီ ဖြစ်ပါတယ်။ သူမကတော့ မွေးဖွားချိန်မှ စလို့ ၁၉၈၈ ခုနှစ် သူမအသက် ၄၃ နှစ် အရွယ်ထိ ပြည်ပတွင် နေထိုင်ခဲ့ပြီး ၈၈ အရေးအခင်း အပြီး အန်အယ်ဒီပါတီ အတွင်းရေးမှူးအဖြစ် ဒီမိုကရေ စီ လှုပ်ရှားမှု အတွင်း ၀င်ရောက်လာခဲ့သူ ဖြစ်ပါတယ်။

ထိုနောက်ပိုင်း နေအိမ် အကျယ်ချုပ်များ အကြိမ်ကြိမ် ကျ ခဲ့ပြီး ထိုသို့ ကျစဉ်အတွင်း နိုဘယ်ဆု အပါအ၀င် ဆုတံဆိပ်ပေါင်းများစွာ ပိုင်ဆိုင်ခဲ့သူ ဖြစ်ပါတယ်။ ပြည်တွင်း အလှူဒါနများကို ပါတီ အနေဖြင့် ပြုလုပ်ခဲ့ဖူးပြီး သူမကိုယ်တိုင် ထိုးထားသည့် ဆွယ်တာ အင်္ကျီ ၂ ထည်ကို လေ လံတင်ခဲ့ရာမှာတော့ မြန်မာငွေ ကျပ် သိန်းရာဂဏန်း ရရှိခဲ့ဖူးပါတယ်။ အဆိုပါ ၀က်ဆိုဒ်တွင် ဖော်ပြချက်အရ နိုင်ငံရေးသမား တက်ကြွလှုပ်ရှားသူ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၁ နှစ်အကြာ နေအိမ် မခွာ ၂၁ နှစ်ကြာ ဒီမို ကရေစီ အရေးလှုပ်ရှားခဲ့သူ တစ်ဦးဖြစ်ပြီး နေအိမ်အကျယ်ချုပ် လွတ်ခဲ့သည့် ၂၀၁၀ မှ စကာ မြန်မာ့လွှတ်တော် ရှိ သူမ ထိုင်ခုံမှ နိုင်ငံရေးများ ဆက်လက် လုပ်ဆောင်နေသူ ဖြစ်ပါတယ် လို့ ဆိုပါတယ်။

ယခုအချိန်ထိတော့ မည်သည့်ဖော်ပြချက်က မှန်ကန်မှန်း မသိရအောင် ရလာဒ်များက ပုံပါအတိုင်း အမျိုးမျိုး ဖော်ပြနေတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံမှ အင်တာနက်သုံးစွဲသူ လူပေါင်း ၂ သောင်းခွဲကျော် Like ရှိသော ဘင်္ဂလီကျူးကျော်သူများ တားဆီးရေး အဖွဲ့တွင်တော့ နန်းခင်ဇေယျာကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်ကို vote လုပ်ကြရန် နှိုးဆော်ထားသည်ကို တွေ့ရပါတယ်။
 
Oppositeyes

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်