သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Wednesday 17 April 2013

Facebook နှင့် SMS အလွန်အကျွံ အသုံးပြုသူများ ပညာရေးတွင် အားနည်းနိုင်

Facebook နှင့် SMS အလွန်အကျွံ အသုံးပြုသူများ ပညာရေးတွင် အားနည်းနိုင်

    Category: မောက္ခနိုင်ငံတကာသတင်း 

    Written by မြတ်ပန်းရှင် 

ဒါကတော့ သိပ်ကို အံအားသင့်စရာတော့ မဟုတ်ပါဘူး။ သိပ္ပံပညာရှင် သုတေသီတွေက ထုတ်ဖေါ်ပြောဆိုလိုက်ပါပြီ။ ဆိုရှယ်မီဒီယာတွေကို အလွန်အကျွံ အသုံးပြုတာ၊ ချက်တင်းထိုင်တာနဲ့ ဖုန်းနဲ့ မတ်ဆေ့ခ်ျတွေ အလွန်အမင်းပို့တာတွေဟာ ပညာရေးမှာ အားနည်းစေနိုင်တယ် ဆိုတာပါ။

အခြေခံပညာ ကျောင်းသားများနဲ့ ကောလိပ်ကျောင်းသားတွေဟာ ဆိုရှယ်မီဒီယာတွေကို အလွန်အကျွံ အသုံးပြုလာကြတယ်။ မတ်ဆေ့ခ်ျတွေ တရစပ်ပို့နေကြတယ်။ ဖေ့စ်ဘုတ်ပေါ်မှာ တချိန်လုံး တင်နေကြတယ်။ ဒါတွေဟာ သူတို့ရဲ့ ပညာရေးကို ထိခိုက်နိုင်ပါတယ်လို့ Mirian Hospital’s Centre of Behavioral and Preventive Medicine ဌာနက ပြောလိုက်ပါတယ်။ ရမှတ်တွေ အလွန်နည်းနေတာကို တွေ့နေရပြီလို့ ဆိုတယ်။

ဒါပေမယ့် ခြွင်းချက် ၂ ခုတော့ ရှိနေပါသတဲ့။ သတင်းစာဖတ်ခြင်းနဲ့ ဂီတတေးသွားတွေကို နားဆင်ခြင်းတွေဟာ ပညာရည် တိုးတက်မှုကို အထောက်အကူ ဖြစ်စေတာပါ။

ဆိုရှယ်မီဒီယာတွေ တချိန်လုံးသုံးနေတဲ့အတွက် အိမ်စာတွေ မလုပ်နိုင်၊ အတန်း ပုံမှန် ပျက်၊ မိမိကိုယ်ကို ယုံကြည်မှု လျော့နည်းလာတယ်။ အိပ်ချိန်နည်းလာတယ်။ အရက်သေစာနဲ့ မူးယစ်ဆေးဝါးတွေလည်း သုံးစွဲလာနိုင်တယ်။ Mirian ဆေးရုံကြီး ပညာရှင်တစ်ဦးဖြစ်တဲ့ သုတေသီ Jennifer L. Walsh က ရှင်းပြခဲ့ပါတယ်။

ကလေးငယ်တွေ၊ ကျောင်းသားတွေရဲ့ ဆိုရှယ်မီဒီယာ အသုံးပြုမှုကို လူကြီးများနဲ့ ဆရာဆရာမများက လမ်းညွှန်ကူညီပေးသင့်တယ်လို့ အကြံပြုချင်ပါတယ်။

မောက္ခပညာရေးမဂ္ဂဇင်း

Source: IANS
ဒါကတော့ သိပ်ကို အံအားသင့်စရာတော့ မဟုတ်ပါဘူး။ သိပ္ပံပညာရှင် သုတေသီတွေက ထုတ်ဖေါ်ပြော ဆိုလိုက်ပါပြီ။ ဆိုရှယ်မီဒီယာတွေကို အလွန်အကျွံ အသုံးပြုတာ၊ ချက်တင်းထိုင်တာနဲ့ ဖုန်းနဲ့ မတ်ဆေ့ခ်ျတွေ အလွန်အမင်းပို့တာတွေဟာ ပညာရေးမှာ အားနည်းစေနိုင်တယ် ဆိုတာပါ။


အခြေခံပညာ ကျောင်းသားများနဲ့ ကောလိပ်ကျောင်းသားတွေဟာ ဆိုရှယ်မီဒီယာတွေကို အလွန်အကျွံ အသုံးပြုလာကြတယ်။ မတ်ဆေ့ခ်ျတွေ တရစပ်ပို့နေကြတယ်။ ဖေ့စ်ဘုတ်ပေါ်မှာ တချိန်လုံး တင်နေကြတယ်။ ဒါတွေဟာ သူတို့ရဲ့ ပညာရေးကို ထိခိုက်နိုင်ပါတယ်လို့ Mirian Hospital’s Centre of Behavioral and Preventive Medicine ဌာနက ပြောလိုက်ပါတယ်။ ရမှတ်တွေ အလွန်နည်းနေ တာကို တွေ့နေရပြီလို့ ဆိုတယ်။

ဒါပေမယ့် ခြွင်းချက် ၂ ခုတော့ ရှိနေပါသတဲ့။ သတင်းစာဖတ်ခြင်းနဲ့ ဂီတတေးသွားတွေကို နားဆင်ခြင်းတွေဟာ ပညာရည် တိုးတက်မှုကို အထောက်အကူ ဖြစ်စေတာပါ။

ဆိုရှယ်မီဒီယာတွေ တချိန်လုံးသုံးနေတဲ့အတွက် အိမ်စာတွေ မလုပ်နိုင်၊ အတန်း ပုံမှန် ပျက်၊ မိမိကိုယ်ကို ယုံကြည်မှု လျော့နည်းလာတယ်။ အိပ်ချိန်နည်းလာတယ်။ အရက်သေစာနဲ့ မူးယစ်ဆေးဝါးတွေလည်း သုံးစွဲ လာနိုင်တယ်။ Mirian ဆေးရုံကြီး ပညာရှင်တစ်ဦးဖြစ်တဲ့ သုတေသီ Jennifer L. Walsh က ရှင်းပြ ခဲ့ပါတယ်။

ကလေးငယ်တွေ၊ ကျောင်းသားတွေရဲ့ ဆိုရှယ်မီဒီယာ အသုံးပြုမှုကို လူကြီးများနဲ့ ဆရာဆရာမများက လမ်းညွှန်ကူညီပေးသင့်တယ်လို့ အကြံပြုချင်ပါတယ်။

မောက္ခပညာရေးမဂ္ဂဇင်း
http://www.myanmartharkaung.net/
Source: IANS

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်