သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Tuesday 16 April 2013

သင်္ကြန် အတက်နေ့ ချောင်းသာကမ်းခြေသွား ကားမှောက်မှုမှာ အမျိုးသမီး ၄ ဦး သေဆုံး


 ဒီနေ့ သင်္ကြန်အတက်နေ့မှာ ချောင်းသာကမ်းခြေအပန်းဖြေခရီးလာသူတွေကို တင်ဆောင်လာတဲ့ ဘတ်စ် ကားကြီး တစီး တိမ်းမှောက်ခဲ့တဲ့အတွက် အမျိုးသမီး ၄ ဦး သေဆုံးသွားပါတယ်။

ကားမှောက်တဲ့နေရာကတော့ ပုသိမ် - ချောင်းသာလမ်း မိုင်တိုင်အမှတ် ၉/၀ က၊ ကျောက်ချောင်း ကြီးတံ တားအနီးမှာ ဖြစ်ပါတယ်။


ခရီးသည်တွေဟာမကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့ကလာသူတွေဖြစ်တယ်၊ ၃ ဦး ပွဲချင်းပြီးသေ ဆုံးခဲ့ပြီး နောက် ၁ ဦးကတော့ ပုသိမ်ဆေးရုံအရောက်မှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

သင်္ကြန်နောက်ဆုံးနေ့ ဒီမနက် ၁ နာရီဝန်းကျင်မှာ တိမ်းမှောက်ခဲ့တာဖြစ်ကြောင်း ပုသိမ် ယာဉ်ထိန်း ဒုတပ်ဖွဲ့ မှူးရုံး က တာဝန်ရှိသူတဦးက ဧရာဝတီကို ပြောပါတယ်။

“ကားလမ်းက ဘယ်ဘက်ကိုကွေ့ရမယ့်နေရာမှာ လမ်းကို နည်းနည်းပိုယူပြီး ကွေ့လိုက်တော့ ဘီးကမြေ သားပျော့ တဲ့နေရာ ရောက်သွားတယ်။ အဲဒီမှာ ကားက ယိမ်းသွားတဲ့အချိန် ဘရိတ်ဖမ်းအုတ်လိုက်တော့ အရှိန် မထိန်းနိုင်ဘဲ ကားက ပက်လက်လန်သွားတာ” လို့ သူက ရှင်းပြပါတယ်။

“လူတွေကတော့ ကားနဲ့ညပ်ပြီးတော့ ဆုံးကြတာပါ။ အလောင်းတွေဆို ကားကိုပြန်ထောင်ပြီးမှ မနည်းဆွဲ ထုတ် ရတယ်”

ခရီးသည် ၁ ဦးက ဒဏ်ရာပြင်းထန်တဲ့အတွက် ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ခဲ့ကြောင်း၊ ကျန်တဲ့လူနာ ၂၉ ဦး ကတော့ ပုသိမ်ဆေးရုံကြီးမှာ ကုသမှုခံယူနေဆဲဖြစ်ကြောင်း သိရပါတယ်။

“ကျနော်တို့ ပုသိမ်ယာဉ်ထိန်းတပ်ဖွဲ့အနေနဲ့ လူနာတွေကို ဆေးရုံကို အမြန်ဆုံးရောက်ရှိအောင် ၀ိုင်းဝန်း ကူညီပေး ခဲ့ပြီးတော့ ပုသိမ်-ချောင်းသာလမ်းမှာလည်း ယာဉ်ကြော ပိတ်ဆို့မှုမရှိအောင် အမြန်ဆုံး လုပ်ဆောင်ပေး ခဲ့ပါတယ်”လို့ ပုသိမ်ယာဉ်ထိန်းရုံးက တာဝန်ကျအရာရှိက ပြောပါတယ်။

ကားမှောက်မှုကြောင့် ဒဏ်ရာရသူနဲ့ သေဆုံးသူတွေကို ပုသိမ်မြို့အခြေစိုက် ဂရုဏာ၊ မနောဖြူနဲ့ ပုသိမ် နာရေး ကူညီမှု အသင်းတို့က လူနာတင်ယာဉ်တွေနဲ့ ဆေးရုံကို ၀ိုင်းဝန်းပို့ဆောင်ပေးခဲ့ပါတယ်။

ပုသိမ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးမောင်ကြည်၊ ခရိုင်ရဲမှူးတို့ကလည်း လူနာတွေအတွက် လိုအပ်တာတွေ ၀ိုင်း ၀န်း ကူညီပေးခဲ့ကြောင်း သိရပါတယ်။

ပုသိမ်မြို့သင်္ဘောကျင်းရဲစခန်းက ယာဉ်မောင်းဖြစ်သူကို ပုဒ်မ ၃၃၇/၃၃၈၊ ၃၀၄ (က) စတဲ့ ပုဒ်မတွေနဲ့ အမှု ဖွင့် အရေးယူထားကြောင်း သိရပါတယ်။

Irrawaddy Blog

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်