သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Monday 1 April 2013

အင်းလျားကန်ဘောင်အနီး ပြိုင်ကားအတူ စီးလာသူကို ဓားနှင့်ထိုးပြီး ပစ်ချထွက်ပြေးခဲ့သည့် လူသတ်မှုဖြစ်စဉ်မှ ကျူးလွန်သူဟု ယူဆရသူကိုဖမ်းမိ၊ ကိုယ်တိုင်လာရောက် အဖမ်းခံဟုသိရ

4.1.10

ကျူးလွန်သူမောင်းနှင်ခဲ့သည့် ပြိုင်ကားအား မတ်လ ၁၉ ရက်နေ့ က တွေ့ရစဉ်
ပြီးခဲ့သည့် ရက်ပိုင်းက အင်းလျားကန်ဘောင်အနီး ဖြစ်ပွားခဲ့သည့် ပြိုင်ကားအတူ စီးလာသူကို ဓားနှင့်ထိုးပြီး ပစ်ချထွက်ပြေးခဲ့သည့် လူသတ်မှုဖြစ်စဉ်မှ ကျူးလွန်သူဟု ယူဆရသူကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းကိုယ်တိုင်ပင် လာရောက်အဖမ်းခံခဲ့ခြင်း ဖြစ်သည်ဟု ဧပြီ ၁ ရက် နံနက် ၁၁ နာရီခွဲခန့်က လှိုင်မြို့နယ် ရဲစခန်းမှ သိရသည်။
မတ် ၁၇ ရက် ည ၈ နာရီ ၅ မိနစ်ခန့်က လှိုင်မြို့နယ်၊ ပြည်လမ်းမပေါ်တွင် ဖြစ်ပွားခဲ့သည့် ယင်းလူသတ်မှု ဖြစ်စဉ်တွင် ကျူးလွန်သူဟု ယူဆရသူမှာ နှစ်ပတ်ခန့် ထွက်ပြေး တိမ်းရှောင်နေရာမှ မတ် ၃၁ ရက် ည ၁၀ နာရီခွဲခန့်က လှိုင်မြို့နယ် ရဲစခန်းတွင် ကိုယ်တိုင်လာရောက် အဖမ်းခံခဲ့သည်ဟု သိရသည်။


“ကျူးလွန်သူလို့ ယူဆရတဲ့ သူကို ကျွန်တော်တို့ ဖမ်းမိပါပြီ။ မတ် ၃၁ ရက် ည ၁ နာရီခွဲလောက်က သူကိုယ်တိုင် လာရောက် အဖမ်းခံခဲ့တာပါ” ဟုလှိုင်မြို့နယ် ရဲစခန်း စခန်းမှူး ရဲအုပ်သိန်းဆွေမြင့်က Eleven Media Group သို့ ပြောသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် မတ် ၁၇ ရက်၊ ည ၈ နာရီ ၅ မိနစ်ခန့်က လှိုင်မြို့နယ်၊ ပြည်လမ်းမကြီးအတိုင်း အေဒီ မီးပွိုင့်ဘက်မှ လှည်းတန်းမီးပွိုင့်ဘက်သို့ မောင်းနှင်လာသော အဖြူပေါ်တွင် အရောင်ဖောက် ထားသည့် ၇ဂ/..... Skyline အမျိုးအစားကားသည် လှိုင်မြို့နယ်၊ ၁၁ ရပ်ကွက်၊ IBC ရှေ့အရောက် ‘ဂ’ ချိုးကွေ့ပြီး ကားကို ရပ်တန့်လိုက်သည်။
ထိုအချိန်တွင် ကားပေါ်မှ ဦး....... (၃၈-နှစ်) သည် ဗိုက်ကိုနှိပ်၍ “ကားမောင်းသူမှ ဓားနှင့်ထိုးသည်” ဟု အော်ဟစ်ဆင်းပြေးလာပြီး သတိလစ် လဲကျသွားခဲ့ရာ ယင်းအချိန်၌ IBC ရှေ့၌ တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးမှ သွားရောက်ကြည့်ရှုစဉ် ပြိုင်ကားမှာ အေဒီမီးပွိုင့်ဘက်သို့ မောင်းနှင်ထွက်ပြေး သွားခဲ့သည်။
ယင်းနောက် တာဝန်ကျ ရဲတပ်ဖွဲ့ဝင်မှ ဒဏ်ရာရ လူနာကို ရန်ကုန် ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်ဌာနသို့ ပို့ဆောင်စဉ် လမ်းတွင်သေဆုံး သွားခဲ့ကြောင်း၊ ကျူးလွန်သူ မောင်းနှင် ထွက်ပြေးသွားခဲ့သည့် ကားကို မတ် ၁၇ ရက်၊ ည ၁၁ နာရီခန့်က တောင်ဒဂုံမြို့နယ်တွင် သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
ထိုနေ့က ဓားနှင့်အထိုး ခံရပြီး သေဆုံးသွားသူ ဦး....... (၃၈-နှစ်) ၏ အိတ်ကပ်ထဲမှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား၂၈ ပြား၊ ငွေကျပ်နှစ်သိန်းခန့်၊ MPU ကတ် တစ်ကတ်နှင့် ကားနောက်ဖုံးထဲတွင် ဘိန်းဖြူ ၂ ဒသမ ၅ ဂရမ် တွေ့ရှိခဲ့ကြောင်း စစ်ဆေးချက်အရ သိရသည်။
ဖြစ်စဉ်အပေါ် လှိုင်မြို့နယ် ရဲစခန်း မှ (ပ) ၉၈/၂၀၁၃၊ ပုဒ်မ ၃၀၂ နှင့် မူးယစ်ဆေးဝါး တွေ့ရှိမှုအပေါ် မူးယစ် (ပ)၁/၂၀၁၃၊ မူးယစ်ပုဒ်မ ၁၉/(ဂ)၂၀(က)ဖြင့် အမှုဖွင့် အရေးယူထားသည်။
 http://www.weeklyeleven.com မှကူးယူဝေမျှပါသည်။

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်