သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Thursday 4 April 2013

သင်္ကြန်ကာလမှာ နန်းခင်ဇေယျာ ဘာလုပ်မှာလဲ


နန်းခင်ဇေယျာက သင်္ကြန်ကာလ ပရဟိတ လုပ်ငန်းတခု လုပ်ဖို့ ရှိနေပြီး အဲဒီ ပရဟိတ လုပ်ငန်းမှာ သူနဲ့အတူ ပူးပေါင်းလုပ်ဆောင်ဖို့အတွက် သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာက တဆင့် ပြောကြားလာ တဲ့ နှိုးဆော်မှုပါ။ 


အားလုံးပဲ မင်္ဂလာ နံနက်ခင်းလေးပါရှင်
 
ပရဟိတ လုပ်ငန်းများမှာ ညီမနဲ့အတူ ပူပေါင်းလှူဒါန်းချင်ကြတဲ့ ညီမရဲ့ ပရိသတ်တွေကို ညီမ ထပ်မံပြုလုပ်မယ့် ပရဟိတလုပ်ငန်းတစ်ခု အကြောင်းအသိပေးလိုပါတယ်။
 
ညီမအနေနဲ့ လာမယ့် ဧပြီလ ၈ ရက်နေ့ (တနလာင်္နေ့) မှာ မြန်မာနှစ်သစ်ကူး သင်္ကြန်အကြိုကောင်းမှု ကုသိုလ်ပြုလုပ်မှုအဖြစ် ရန်ကုန် ကလေးဆေးရုံ (Helping လမ်း) မှာ တက်ရောက်လျက်ရှိ ပြီး ဆေးဝါး ကုသမှုခံယူနေရတဲ့ ကင်ဆာဝေဒနာရှင် ကလေးငယ်များကို သွားရောက်တွေ့ဆုံပြီး အားပေး စကားပြောမှာဖြစ်ပါတယ်။

ဒါ့အပြင်မှာ ဆေးဝါးကုသမှုခံယူဖို့အတွက် ငွေကြေးအခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့ ကင်ဆာဝေဒနာရှင် ကလေးငယ်များအတွက်လည်း ညီမအနေနဲ့ ကိုယ်တတ်နိုင်သလောက် လှူဒါန်းသွားမှာဖြစ်ပြီး အမှန်တကယ်ငွေကြေးချို့တဲ့ပြီး ဆေးကုသမှုခံယူဖို့အတွက် အခက်အခဲများနဲ့ ရင်ဆိုင်နေရတဲ့ ကလေးငယ်လေးများအတွက် ညီမနဲ့အတူတတ်နိုင်သလောက် လှူဒါန်းလိုသူများ၊ ညီမရဲ့ ပရိသတ်များ၊ အလှူရှင်များအနေနဲ့လည်း ညီမနဲ့အတူလိုက်ပါလှူဒါန်းလိုလျင်ဖြစ်စေ၊ တဆင့်လှူဒါန်းလိုလျင်ဖြစ်စေ ဧပြီလ ၇ ရက်နေ့နောက်ဆုံးထားပြီး ညီမထံသို့ ဆက်သွယ်အကြောင်းကြားနိုင်ပါကြောင်း အသိပေးကြေငြာလိုက်ပါတယ်ရှင်....

ညီမတို့အားလုံးရဲ့ ညီငယ် ညီမငယ်လေးတွေကို ကိုယ်တတ်နိုင်သလောက် ဖေးမ ကူညီကြ ရအောင် 
နော်....

နန်းခင်ဇေယျာ

လှူဒါန်းမှုများအတွက် ဆက်သွယ်ရန်

ဖုန်း : ၀၉၅၆၀၁၂၅၈
Mail : nangkhinzayyar@gmail.com

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်