
ဗိုလ်ချုပ်ကတော်ဒေါ်ခင်ကြည်သမိုင်းဝင်ဓာတ်ပုံ

ဟာသသရုပ်ဆောင် ကျော်ထူး ရဲ့ ယောက္ခမဖြစ်သူ ဦးတင်အောင်က ဗိုလ်ချုပ်အောင် ဆန်းရဲ့ဇနီး ဒေါ်ခင် ကြည် ကွယ်လွန်ချိန်နာရေးမှာကမ်း တဲ့ ယပ်တောင်နဲ့ဒေါ်ခင် ကြည်ရဲ့ ဓာတ် ပုံတွေကို ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက် ရေးအဖွဲ့သို့လှူဒါန်းလိုကြောင်း ပြောလာပါတယ်။ “ဦးကျော်ထူးရဲ့ ယောက္ခမ ကအရင်ကသတင်းထောက်ပါ။ သူက တွံတေးအိုးဘိုပိုင်းမှာနေတယ်။ သူက
အဖွဲ့ဝင်တစ်ခုမှာလည်းပါတယ်။ ရဲ ဘော်သုံးကျိပ်ဝင်တွေရဲ့အဖွဲ့ပေါ့။ သူ ကနယ်ဘက်တွေဆိုရင်လည်း စည်း ရုံးရေးတွေဆင်း ရတယ်။ ပျော်ဘွယ်ကြီးတို့၊ ဘာတို့ဘက်ကို ဆင်းရင်းနဲ့ အမှတ်တရဖြစ်အောင်ဆိုပြီး ဓာတ်ပုံ တွေရိုက်လာတယ်။ အခုသူက အသက် ၈ဝ နားရောက်လာပြီး သိပ်မသွားနိုင်၊ မလာနိုင်၊ ကျန်းမာရေးကမကောင်း တော့ ဒီဓာတ်ပုံလေးတွေ အလဟဿ ဖြစ်သွားမှာစိုးလို့လေ။ ဒေါ်ခင်ကြည်ရဲ့နာရေးတုန်းကလည်း သူက လိုက် ပို့ဖူးတယ်။ အဲဒီက ယပ်တောင်ကို သူက တယုတယနဲ့ သိမ်းထားတာ ဒီနေ့အထိပဲ။ သူမကွယ်လွန် ခင်မှာ သူကဒါလေးကိုပေးချင်တယ်။ တခြား သူတွေလက်ထဲ ရောက်သွား ရင် လည်းတစ် မျိုးတစ်ဖုံဖြစ်သွားမှာ စိုးတယ်လေ။အဲဒါနဲ့ကျွန်တော့်ကို ပေး ခိုင်းတာပါ။ ကျွန်တော့် ယောက္ခမ ကြီးရဲ့ကိုယ်စားဗိုလ်ချုပ်ရုပ်ရှင်ဖြစ် မြောက်ရေးအဖွဲ့ကို လှူပေးမှာပါ။ သူတို့အတွက်လည်း အထောက် အကူပြုလိမ့်မယ်လို့ ထင်ပါတယ်” လို့ ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ကိုလှူဒါန်းလိုခြင်းအကြောင်းကို ကျော် ထူးက ပြောပြပါ တယ်။
ပေါ်ပျုလာဂျာနယ်...
No comments:
Post a Comment