
အစိုးရနှင့် KIA တို့ တိုက်ပွဲဖြစ်ပွားစဉ်အချိန်အတွင်း KIA တပ်ဖွဲ့အ၀င်များအနေဖြင့် အစိုးရတပ်သို့ အုပ်စု လိုက် ပူးပေါင်း ခဲ့ကြောင်း KIO/KIC ဥက္ကဌ ဦးဇောင်းဟရားက မတ်လ ၂၇ ရက်နေ့က ဗဟိုဌာနချုပ်ရှိ ရာ လိုင် ဇာမြို့ရှိ ဝေကြိုင်အထက် တန်းကျောင်းတွင် ပြု လုပ်သော ကျေးဇူး ဆပ်ဂုဏ်ပြု ပွဲနှင့် အောက်မေ့ သတိရ ပွဲ တွင် ၀န်ခံပြောဆိုသွားကြောင်း သိရှိရပါ သည်။
KIO/KIC ဥက္ကဌ ဦးဇောင်းဟရာက KIA တပ်ဖွဲ့ဝင်များအနေဖြင့် အစိုးတပ်နှင့် တိုက်ပွဲဖြစ်ပွားစဉ်ကာလ အတွင်း မိမိတို့၏ စခန်းနှင့် အခြားရဲဘော်များကို စွန့်ခွာပြီးထွက်ပြေး ကာ အစိုးရတပ်နှင့် ပူးပေါင်း ခဲ့ကြကြောင်း၊ အစုအဖွဲ့လိုက် စွန့်ခွာမှုများ ရှိကြောင်းပြောကြားခဲ့ပါသည်။ အဲဒီလို ထွက်ပြေးပြီး အစိုးရ တပ်များ သို့ မိမိတို့ လုပ်ငန်းများကို ပြောဆိုခဲ့မှုများကြောင့် မိမိတို့ရဲ့ လုပ်ငန်းကြီးများ ဖျက်သိမ်းလိုက် ရသည် အထိ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ၀န်ခံပြောဆိုခဲ့သည်ဟု ထိုပွဲသို့ တက်ရောက်သည့် လိုင်ဇာမြို့ခံတစ်ဦးမှ ပြောဆိုခဲ့ပါသည်။
“ ဦးဇောင်းဟရား ပြောခဲ့တဲ့ လုပ်ငန်းကြီးတွေဆိုတာ ဘာကိုပြောလဲဆိုတာတော့မသိဘူးကွာ၊ ငါတို့ကို သူတို့က တက်ခိုင်း လို့တာ ဒီပွဲကိုလာတက်ရတာ၊ မတက်ရင်လဲသိတယ်မဟုတ်လား သူတို့ရဲ့ဥပဒေ က သေနတ် မှာဘဲရှိတာလေ၊ ငါတို့က အေးအေးဆေးဘဲနေချင်ကြတယ်။ ဒီမှာရှိတဲ့ ဗမာရော၊ ရှမ်းရော၊ က ချင်ရော အား လုံး အတူတူ ပါဘဲ။ သူတို့က အတင်း အမိန့်ပေးပြီး တိုက်ခိုင်းလို့ သေရတဲ့ ငါတို့လူမျိုးတွေကို သူရဲကောင်း လိုလို ဘာလိုလိုပြောနေတာ ရှက်လိုက်တာဗျာ” ဟု ၎င်းက ပြောခဲ့ပါသည်။
ကျဆုံးသွားသော KIO/KIA တပ်ဖွဲ့ဝင်များအား ကျေးဇူးဆပ်ပွဲ ဂုဏ်ပြု ပွဲနှင့် အောက်မေ့သတိရပွဲသို့ KIO/KIC ဥက္ကဌ ဦးဇောင်းဟရာ၊ KIA ဒုဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်၊ KIA တပ်ရင်းမှူး များ၊ ကော်မတီဝင်များနှင့် ဒုက္ခသည်များ၊ လိုင်ဇာ မြို့ခံများတက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။ ၎င်းပွဲတွင် ဦးဇောင်းဟရားမှ စကားပြောဆိုပြီး၊ ကျဆုံးသွားသော KIA တပ်ဖွဲ့ဝင်များ အား အောက်မေ့ ဆုတောင်းခြင်း ကို ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။
From: Kachin Daily News
www.mmdailystar.com
No comments:
Post a Comment