သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Monday 15 April 2013

တရုတ်စစ်သေင်္ဘောများ ဖြတ်ကျော်သွားချိန်တွင် ရေဒါများ ဖမ်းယူနိုင်ခဲ့ခြင်းမရှိ

တရုတ်စစ်သေင်္ဘောများ ဖြတ်ကျော်သွားချိန်တွင် ရေဒါများ ဖမ်းယူနိုင်ခဲ့ခြင်းမရှိ







ပြီးခဲ့သည့် သတင်းပတ် အတွင်း ရဟတ်ယာဉ်များ၊ စစ်သားများကို တင်ဆောင် လာသော တရုတ်စစ် သင်္ဘော လေးစင်းသည် မလေးရှား ရေပိုင်နက် အနီးသို့ ဖြတ်ကျော် သွာခဲ့ခြင်းကို မလေးရှား ရေဒါများမှ ဖမ်းယူသိရှိ နိုင်ခဲ့ခြင်း မရှိကြောင်း မလေးရှား အာဏာပိုင် များက ဧပြီ လ ၂ ရက်နေ့တွင် ဝန်ခံပြောကြား ခဲ့သည်။


တရုတ် စစ်သင်္ဘော များသည် အဆိုပါ စစ်သားများကို မလေးရှား နိုင်ငံနှင့် မိုင် ၅၀၀ ခန့်အကွာ ဂျိမ်းသျှို ကျွန်းသို့ စစ်ရေး လေ့ကျင့်မှုများ ပြုလုပ် ရန်အတွက် စေလွှတ် ခဲ့ကြောင်း သိရသည်။ ထိုဖြစ်ရပ်နှင့် ပတ်သက်၍ တရုတ်စစ်တပ် အာဏာပိုင် များသည် တရုတ်အခြေစိုက် မလေးရှား သံရုံးသို့ တစ်စုံတစ်ရာ သတိပေး ပြောကြားခဲ့ခြင်း မရှိကြောင်း မလေးရှား နိုင်ငံခြားရေး ဝန်ကြီး ဌာနမှလည်း ဧပြီလ ၂ ရက်နေ့တွင် ဆက်လက် ထုတ်ပြန် သွားခဲ့သည်။
မလေး ရှားနိုင်ငံသည် မကြာမီ ကျင်းပမည့် ရွေး ကောက်ပွဲ ကိစ္စရပ်များ အတွက် ပြည်တွင်း ရေးကိုသာ ပိုမိုအာရုံစိုက် နေရသောကြောင့် ထိုဖြစ်ရပ်နှင့် ပက်သက်၍ တစ်ရာ ကြိုးပမ်းသွားဖွယ် မရှိကြောင်း စင် ကာပူအခြေစိုက် နန်ယောင် တက္ကသိုလ်မှ အရှေ့တောင် အာရှ နိုင်ငံတကာ ရေးရာ လေ့လာသူ တစ်ဦးဖြစ်သည့် ဂျိုးဇက်လီ ယော်က The Nation သတင်းဌာနသို့ ပြောကြား သွားခဲ့သည်။
တောင်တရုတ် ပင်လယ် ဒေသတွင်း တရုတ်၏ သြဇာ ဖြန့်ကြက်မှု များနှင့် ပက်သက်ပြီး အရှေတောင် အာရှ နိုင်ငံငယ် အချို့၏ လုံခြုံရေး အတွက် ခြိမ်းခြောက်မှု တစ်ရပ် ဖြစ်သော်လည်း မလေးရှား အပါအဝင် ဘရှုးနိုင်း၊ အင်ဒိုနီးရှား စသည့်  နိုင်ငံများသည် ၎င်းတို့၏ အမျိုးသား အကျိုးစီးပွား အတွက် တရုတ်နှင့် ဆက်ဆံရေး တင်းမား စေနိုင်သည့် အခြေအနေများကို ရှောင်ရှား သွားဖွယ်ရှိကြောင်း မလေးရှား တက္ကသိုလ်မှ အာရှပစိဖိတ် ရေပိုင်နက် အထူး ကျွမ်းကျင်သူ တစ်ဦးဖြစ်သည့် ဒေါက်တာ ဟမ်ဇက်အာ မက်က ပြောကြား သွားခဲ့ကြောင်း သိရသည်။ 
Pyi Myanmar.

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်