သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Thursday 4 April 2013

ကိုရီးယားကျွန်းဆွယ်ကို အမေရိကန်ရေတပ်ရွေ့ လျားနေရာယူပြီ


ဒုံးကျည်ပစ်ခတ်မှူအပါအ၀င် မြောက်ကိုရီးယားနိုင်ငံက စစ်ရေးလှုပ်ရှားမှုတွေကို အသေအချာစောင့်ကြည့် ဖို့  စစ်သဘောင်္တစင်းနဲ့ ရေပြင်အခြေစိုက် ရေဒါစခန်းတခုကို မြောက်ကိုရီးယားနိုင်ငံကမ်းရိုးတန်းနဲ့ အနီးဆုံးနေရာကို ပြောငိးရွေ့ နေရာယူလိုက်ပြီလို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန
တာဝန်ရှိသူတဦးက ဒီကနေ့ ပြောကြားလိုက်ပါတယ်


အမေရိကန် ဖျက်သဘောင်္ USS John S. McCain နဲ့ 
SBX-1 ရေဒါစခန်းတို့ ကို အခုလို နေရာရွေ့ လိုက်တာဟာ အမေရိကန်ဘက်က ပထမဆုံး ရေတပ်ဘက်ဆိုင်ရာ
လှုပ်ရှားမှုလို့ CNN သတင်းဌာနကပြောပါတယ်။

ဖျက်သဘောင်္ USS McCain ဟာဒုးကျည်တွေကို
ဟန့်တားပစ်ခတ်နိုင်တဲ့ အစွမ်းရှိတယ်လို့ ဆိုပါတယ်။

ဒါဟာ မြောက်ကိုရီးယာားဘက်က အဏုမြူလက်နက်အပါအ၀င် စစ်ရေးခြိမ်းခြောက်မှူတွေ သတင်းပတ်အတော်အကြာအောင် လုပ်ဆောင်ခဲ့ အပြီးမှာ အခုလို အမေရိကန်ဘက်ကတုံပြန်တာဖြစ်ပါတယ်။

မြောက်ကိုရီးယားဘက်ကခြိမ်းခြောက်မှုတွေလုပ်ခဲ့ ပေမယ့် အမေရိကန်ပြည်ထောင်စုနဲ့ တောင်ကိုရီးယားဟာ ပူးတွဲ စစ်ရေးလေ့ကျင်မှူကို လုပ်ဆောင်ခဲ့ ပါတယ်။

မြောက်ကိုရီးယာဘက်က ရန်စလာတဲ့ လုပ်ရပ်မှနိသမျှကို နိုင်ငံရေးအရမစဉ်းစားဘဲ တုံ့ ပြန်သွားမယ်လို့ တောင်ကိုရီးယားကလည်းသတိပေးထားပါတယ်။

Burma-Newselite   
မှကူးယူတင်ပြပါသည်။ 
ကိုးကား http://www.cnn.com/2013/04/01/world/asia/us-north-korea-radar/index.html?hpt=hp_t3

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်