သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Thursday 4 April 2013

လေယာဉ်စီးခရီးသည်တွေကို ကိုယ်အလေးချိန်နဲ့ ပစ္စည်းအလေးချိန်ပေါ်မှာ လက်မှတ်ဈေးနှုန်း ကောက်ခံဖို့ ဆာမိုဝါ (Samoa) လေကြောင်းလိုင်းက စတင်လိုက်ပါပြီ။


 
ဒီကိစ္စကို လေကြောင်းလိုင်းအတော်များများက ပြောနေကြပေမဲ့ အ၀လွန်သူတွေကို ခွဲခြားဆက်ဆံရာကျတယ်ဆိုတဲ့ ဝေဖန်ချက်တွေကြောင့် အကောင်အထည် မဖော်ကြသေးပါဘူး။ ဆာမိုဝါ လေကြောင်းကတော့ ကိုယ်ခန္ဓာကြီးတဲ့သူတွေကို သူတို့သက်တောင့်သက်သာထိုင်နိုင်တဲ့ ထိုင်ခုံတွေကို စီစဉ်ပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ လေယာဉ်အတွက် အလေးချိန်က အရေးကြီးတာမို့ ကိုယ်အလေးချိန်ပေါ်မှာ
ငွေကောက်ခံတာဟာ မျှတတယ်လို့ ပြောပါတယ်။


လက်မှတ်ဝယ်ချိန်မှာ ခန့်မှန်းကိုယ်အလေးချိန် ရေးရမှာဖြစ်ပြီး
လေဆိပ်ရောက်ရင် ထပ်ချိန်မှာဖြစ်တယ်လို့ လေကြောင်းလိုင်းရဲ့ ၀ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။ ဒီလေကြောင်းလိုင်းဟာ သိပ်မကြီးလှပဲ ပြီးခဲ့နှစ်ကမှ စတင်တည်ထောင်ခဲ့တာလည်း ဖြစ်ပါတယ်။ လေကြောင်းလိုင်းကြီးတွေလည်း အလားတူဈေးသတ်မှတ်ဖို့ ပြောဆိုနေတာတွေ ရှိနေတဲ့အတွက် ဒီစနစ် ကျယ်ပြန့်လာနိုင်တယ်လို့ ယူဆရပါတယ်။
 Burma-Newselite

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်